အခန်းထဲမှာ.. ..ခေါက်တုံ့ခေါက်ပြန် လျှောက်
နေသော ...အိမ်ရှေ့စံ မင်းသာ.....အထိန်းတော် ကြီးကတော့ ကြည့်ကာခေါင်းတောင် မူးလာသလို
အဲ ...ခေါင်းခါတယ်...အင်း ညိတ်လိုက်ပြန်ပြီ
....ခေါင်းခါတယ်.. .ညိတ်တယ်...." အရှင့်သာ.....! ဘာဖြစ်လို့ပါလဲ.. .ကျွန်တော်မျိုး ကို ပြောပြပါလားအရှင်....."
အနားကို လာကာ ပြောသော အထိန်းတော်ကြီး....ဟုတ်ပြီ သူ့ကို မေးကြည့်ရမယ်...
" မောင်မင်း...ကိုယ်တော်.. .မေးစရာ ရှိတယ်
...သင် အရမ်းမုန်းတယ်လို့ တွေးမိ..ခဲ့တဲ့သူတစ်ယောက်ကို ...မေတ္တာ
ထားနိုင်ပါ့မလား...စိတ်ထဲကနေလေ.."ရုတ်တရက် ထူးထူးခြားခြား မေးလာတဲ့ အိမ်ရှေ့စံမင်းသား ကြောင့် ..သူ အလေးအနက် ထားပြီး စဉ်းစားရင်း....မင်းသား ပြောသလို
ဖြစ်နိုင်ပါ့မလား...မုန်းတယ်လည်းပြောသေးတယ်....မေတ္တာထားမယ်ဆိုတာကြီးက
...ဘာအဓိပ္ပါယ်တုန်း..."မောင်မင်း ဘယ်လိုလဲ.. စဉ်းစားလို့ရပြီလား"
" မှန်ပါ့....ကျွန်တော်မျိုး ကြီး လျှောက်တင်ရရင်
ရန်သူကို ချစ်သွားနိုင်တာလည်း ..ဖြစ်နိုင်ပါတယ်.ဘုရား...ဒါထက် အရှင့်သားက ဘာများဖြစ်လို့ပါလဲ.. ."မေးခွန်းထုတ်လာသော အထိန်းတော်ကြီးကို
လီယောလ် ခေါင်းခါပြလိုက်တယ်..." ဘာမှ မဖြစ်ပါဘူး..မောင်မင်းသွားလို့ရပြီ...
...ကိုယ်တော် နားလိုက်ဦးမယ်....."အခန်းထဲ ကနေ အတင်းမောင်းထုတ်နေသော အိမ်ရှေ့စံမင်းသား.. .သေချာတယ် မရိုးတော့ ....ဘူး....😎😎😎😎
အထိန်းတော်ကြီး ထွက်သွား တော့မှ အသက်ကိုပြင်းပြင်းရှူ ရဲတော့သည်....ဖြစ်ပုံက ဒီလို
.....ရေနွေးပူ လောင်ထားတဲ့ သူမ ကိုယ်လေးကို ပွေ့ပြီး သလွန်တော်ပေါ် မှာ ထိုင်ခိုင်းလိုက်တယ်....ဆေးထည့်ပေးမလို့ ခြေတောက် ကို
ယူလိုက်တော့.....သူမက လက်မခံ.....
နောက်ဆုံးတော့လည်း.. ကိုယ့်ကို မလွန်ဆန်ရဲတာနဲ့ .သူမ ခြေတောက်ကို ယူပြီး ဆေးကို ခပ်ဖွဖွလေး လိမ်းပေးလိုက်တယ်....ပိုးသားလို..နှုးညံ့တဲ့ အသားအရည်ကြောင့်
Chanyeol လက်တွေက ထို ခြေဖမိုးလေးကနေ မခွာချင်...သူမသည် လူသား..လော..ဒါမှမဟုတ် နတ်သက်များကြွေလေသလား လို့တောင်..ထင်ရတယ်....တဒုတ်ဒုတ် ခုန်နေသော နှလုံးခုန်သံ ကို အတိုင်းသားကြားနေရတာက တစ်ကြောင်း..သူမကို ဆေးလိမ်းပေးပြီးတာနဲ့ လရိပ်နန်းဆောင်ကနေမြန်ထွက်လာလိုက်တော့သည်...
YOU ARE READING
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Historical FictionZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...