အုပ်ဆိုင်း နေသော..မီးခိုရောင် တိမ်တိုက်တွေ
ကြောင့်....ကောင်းစွာ မတောက်ပနိုင်တဲ့
နေမင်းရောင်ခြည်⛅⛅⛅"အရှင့်သား..."
"အင်း..ပြောပါ..မောင်မင်း.."
ကိုယ်ရံတော် လင်းကို..တစ်ချက်လှည့်
ကြည့်ကာ ...တံတားဖြူ လေးရှိရာကိုသာ
အကြည့်ပြန်ပို့လိုက်တဲ့..Wuအိမ်ရှေ့စံ"အရှင်..မင်းကြီး..နာမကျန်း ဖြစ်နေတာ..မင်းသမီးလေးကို...အသိမပေးတော့ဘူးလား"
ခပ်တိုးတိုး ပြောလာတဲ့ လင်းရဲ့ စကားအပြီးမှာ.. .Wuမျက်လုံး..တွေက..ခမည်းတော် ရှိတဲ့ နန်းဆောင်ကို.. .ကြည့်လိုက်ရင်း
"ကိုယ်တော်...ဘယ်လို အင်အားမျိုးနဲ့ ..ညီမတော်ကို ပြောပြရမှာလဲ....အခု..ကဖဘုရား..
ရဲ့...."ပြောချင်ပေမယ့် လည်မျို ဝမှာတင် ..ရပ်တန့်  သွားတဲ့ စကားလုံးတွေ....သိပ်ကို နာကျင်လွန်းတယ်.. .သူတောင် ဒီလောက်ခံစားနေရတာ
ညီမတော် လေးဆိုရင်...ဘယ်လိုနေမလဲ..
သူမ ဘဝလေး အခုမှ အနည်ထိုင် ဖို့ အစပြုသေးတယ်...နောက်ထပ်ဒဏ်ရာ တွေ..မဖြစ်စေချင်တော့ဘူး...
"မောင်မင်း...အခုမင်းကြီး ရဲ့ နောက်ဆုံး အချိန်ကို.....ရောက်နေပီ....ကိုယ်တော်တို့ ဘာမှ မတတ်နိုင်တော့ဘူး....."
တကယ်တော့ အရာအားလုံးက မိုးနတ်မင်း အလိုကျ.....သူတို့က ဘာများတတ်နိုင်မှာ တဲ့လဲ
မျက်စိရှေ့ မှာ...အားအင်မဲ့စွာ ပြောနေသော
သခင်ဖြစ်သူ ကို..လင်း..မကြည့်ရက်...အရင်လို..စူးရှ တောက်ပတဲ့ အကြည့်တွေ ကွယ်ပျောက် ပီး..လောကကြီးကို အရှုံး ပေးထားတဲ့ လူလို..ဖြစ်နေသော...သူတို့ရဲ့ အိမ်ရှေ့ စံမင်းသား...ကျူ ပ်ကို..ခွင့်လွှတ်ပါ...အရှင့်.ကို.ဒီထပ်ပိုပြီး.. မကြည့်ရက်တော့လို့ပါ...
" အရှင်...လင်းကို..သွားခွင့်ပြုပါဦး.. .အထောက်တော် ဆီက..သတင်း..ယူစရာ ရှိလို့ပါ"
"ကောင်းပြီ....မောင်မင်း.."
လင်း ရဲ့..အကြံအစည် ကိုသာ..Wuသိခဲ့ရင်...
ဂျို ဆွန်း..နန်းတော် တွင်တော့....💒💒💒
ညက အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း..
....baekheeရှက်လို့ ပူထူနေတာပဲ..အရှင်ကလေ..baekheeထက် အသက်ကြီးတယ်ပေမယ့်..ကလေးဆိုးလေး.အတိုင်း...
ညက နန်းဆောင်ကို ပြန်လိုက်ပို့ပေမယ့်..baekheeဆီမှာပဲ...အိပ်တော့မယ်လုပ်နေတာ....မနည်းချော့မော့ပီး..အထိန်းတော်ကြီး ဆီကို..ပြန်ထည့်ပေးလိုက်ရတယ်...
ESTÁS LEYENDO
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Ficción históricaZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...