Baekheeတစ်ယောက် ယုန်လေးကို ပွေ့ထားရင်....ပြုံးနေမိသည်။
သူမ အပေါ်မှာ နွေးနွေးထွေးထွေး ဆက်ဆံ ပေးတဲ့ ကြင်ယာတော်ရဲ့ စိတ်ကြောင့်..စိတ်သက်သာ ရစေမိသည် မဟုတ်ပေလား...
" အူဂျူးလေး..အရှင့်သားက သူများတွေ ပြောနေသလိုမျိုး..ရက်စက်တတ်တဲ့ သူ မဟုတ်ဘူးနော်...သခင်မ အပေါ်မှာလည်း..ကောင်းကောင်း ဆက်ဆံပေးတယ်...နောက်ပြီးတော့
...အရှင်..က..ဟို..ကြည့်ကောင်းတယ်နော်."ကြင်ယာတော့် အကြောင်းကို ပြောရင်..အလိုလို ..ခုန်လာတဲ့ ဘယ်ဘက်ရင်အုံ...
" သခင်မ အခုတလော နေမကောင်းဖြစ်နေတာလား မသိဘူး..ဒီနားကလည်း..ဒုတ်
ဒုတ်..ဒုတ်နဲ့...💓💓💓💓💓💓.."နှလုံးရှိရာကို အသာစမ်းပြီးပြောနေသော သူမ
..ရဲ့စကားကို..ယုန်လေးကတော့ နားလည်သယောင်..
...🐇🐇🐇🐇အရှင့်သမီး! ...
အခန်းထဲကို ဝင်လာတဲ့ အထိန်းတော်ကြီး..
...လက်ထဲမှာ ဘူးလေးတစ်ခု..ကိုင်ကာ baekheeရှိ ရာကို လျှောက်လာသည်။" အယ်.အဲဒါက ဘာကြီးလဲ ဟင်..."လက်ထဲမှာ ကိုင်ထားတဲ့ ပုလင်းလေးကို မေးလာသော မင်းသမီးလေး..
" မှန်ပါ့..အရှေ့ဘက် ဟန်ယန်းပြည်ကို ..အိမ်ရှေ့စံမင်းသားWu ခရီးသွားတုန်းက ဝယ်လာတဲ့ .နှင်းဆီပန်းရည်ပါ...အရှင့်သမီး အတွက် ချင့်စန်း ကို ပေးခိုင်းခဲ့တာ...အခု ပွဲတော်မှာ သုံးရမှာပါဘုရား..."
ဆံနွယ်စတွေနဲ့ ဝတ်ရုံလွှာ ပေါ်မှာ ပတ်ဖြန်းလာတဲ့ ..နှင်းဆီပန်း..အမွှေးနံ့သာ..ရည်တွေ
...ကျေးဇူးတင်ပါတယ်..အကိုတော်.နှမကို အမြဲတွေးပေးလို့....ဖြစ်နိုင်ရင် လေ baekhee ဂိုလျောကို ပြန်လာချင်တယ်...နောက်ပြီး
..ဖဘုရား ကိုအရမ်းသတိရတယ်..နေရော ကောင်းရဲ့လား....မသိဘူး...ဖခင်ဖြစ်သူကို သတိရမိတာကြောင့် ..မျက်ရည်က အလိုလို ဝဲလာမိတယ်...မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကျဆင်လုဆဲ မျက်ရည်တွေကို....ထိန်းထားလိုက်တယ်...
" အရှင့်သမီး ..ဇာခေါင်းဆောင်း ကို ဝတ်ထားပါနော်..ကြင်ယာတော် ကိုယ်တိုင်ဖယ်ရှားပေးမှ လက်ခံပါ...
နောက်ပြီးတော့.. ဘယ်သူ့ကိုမှ မကြောက်ပါနဲ့.. .နန်းတော်ထဲမှာ ဂိုလျောက လွှတ်ထားတဲ့ အမှု့ တော်ထမ်းတွေ အများကြီးရှိတယ်.. အရေးကြုံ ရင် သူတို့အားလုံးက မင်းသမီးလေးကို ကာကွယ်ပေးမှာပါ..."
" ဟုတ်ပါပြီ စန်း...baekheeမကြောက် ပါဘူး"
တတွတ်တွတ် မှာနေသော အထိန်းတော်ကြီးကို...မျက်စိလေးတွေ ပိတ်တဲ့ အထိ baekheeပြုံးပြလိုက်သည်။

YOU ARE READING
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Historical FictionZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...