ရဲမက်တစ်ချို့ ခြေချင်းလိမ်နေသော အရှေ့ နန်းဆောင်....သောင်းနဲ့ချီသောတပ်ဖွဲ့ ဝင်တွေကတော့နန်းတော်ထဲကလျှို့ ဝှက်တွေ့ ဆုံသော မယ်ရာဘန် မှာနေရာယူထားတော့တယ်..
..ရဲမက်တစ်ဦးချင်းစီရဲ့ လက်ထဲမှာတော့...ဓားကိုယ်စီ ကိုင်ဆွဲလို့....စစ်ချပ်ဝတ်တန်ဆာတွေကလည်း မီးရောင်အောက်မှာ အရောင်တလက်လက် နဲ့ပင်......
.ဂျန်မြောင်းမင်းသားတစ်ယောက်....မျက်စိရှေ့က ရဲမက်တွေကို ကြည့်ပြီး....လက်ထဲမှာကိုင်ထားတဲ့ ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
"မောင်မင်းတို့..ဒီညမှာ ငါကိုယ်တော်ကိုယ်တိုင် ဦးဆောင်ပြီး ....နန်းတော်ကို ကျူးကျော် လာမယ့် သူမှန်သမျှ ကို အပြတ်ချေမှုန်းရမယ်........ထယ်ဝမ်မင်းကြီး ရဲ့ ကျေးဇူးတော်ကို..
အောက်မေ့ပြီး..သစ္စာစောင့်သိခဲ့တဲ့ မောင်မင်းတို့ တစ်ဦးချင်းစီတိုင်း ကို...ဂျိုဆွန်းရဲ့ အတော်ဆုံးစစ်သည်တော်တွေ
အဖြစ်နဲ့...ရာဇဝင်မှာ ကမ္ဗည်းတွင်စေရမယ်....ထိုက်တန်တဲ့အကျိုးခံစားခွင့်ပေးမှာဖြစ်လို့......မောင်မင်းတို့ ရဲ့စိတ်ထဲမှာ.....ထပ်တလဲလဲ မှတ်ထားကြပါ..."
"အရှင့်ရဲ့ ကရုဏာ တော်ကို အောက်မေ့ပြီး သစ္စာစောင့်သိသွားမှာပါ...!!!...."
ဟိန်းထွက်လာတဲ့ အသံနဲ့အတူ....သူ့ကိုအရိုအသေပေးလာတဲ့ နန်းတွင်းရဲမက်တွေ.. .နောက်ဆုံးအကြိမ်နဲ့ သူ အားရသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး...ရင်ဘက်ထဲမှာထည့်ထားတဲ့.. .....ပဝါစလေး ကို ခပ်ဖွဖွလေး ထိတွေ့လိုက်သည် ။
ွှ
မောင် တာဝန်ကျေတယ်မလား..ယန်ဂျို....ခပ်တိုးတိုးရေရွတ်သံနဲ့အတူ မျက်စိထဲမှာ မြင်ယောင်လာတဲ့
ချစ်ရသူရဲ့ မျက်နှာလေး.သူ့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့မိန်းခလေးပါပဲသို့ပေမယ့်...အပြစ်မရှိတဲ့ သူမလေးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ ဟိုမိန်းမယုတ်ကိုတော့....
ဂျန်မြောင်လုံးဝ ခွင့်မလွှတ်နိုင်ပါ...လောဘဇောတိုက်နေတဲ့ အဲဒီ့သားဖနှစ်ယောက်ကို ထိုက်တန် တဲ့အပြစ်ကြွေး ဆပ်ခိုင်းမှာမို့လို့...
"အရှင့်သား ~~ထယ်ဝမ်မင်းကြီး နဲ့ မယ်တော်ကြီးကို အသိပေးသင့်တယ်လို့ ထင်ပါတယ်...နန်းတော်မှာ အထိကရုဏ်းဖြစ်လာရင်....စိတ်ပူပန်နေမှာ စိုးလို့ပါ...."
"ဘာမှ မပြောပါနဲ့ ဦး စစ်သူကြီး...ခမည်းတော်ရဲ့ နန်းဆောင်မှာ ရဲမက်တွေ ထပ်တိုးထားလိုက်ပါ....မယ်တော်ကြီးကို စိတ်ပူပန်စေဖို့ မသင့်ဘူး....."
YOU ARE READING
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Historical FictionZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...