ကျွန်တော် ခြံကြီးရှေ့မှာ ခြေစုံရပ် ကာ အထဲ က အခြေအကေိုလေ့လာနေသည် ။ခြံစည်းရိုးက လူတစ်ရပ်ကျော်သည်မို့ အထဲဘက်ကိုမမြင်ရ ။ ရဲ မင်း စပ်ပေးသော အလုပ်မှာ အဆင်ပြေသွားသည့်အတွက် ဒီနေ့ စာဖို့ ရောက်လာခြင်း ပင် ။ ရဲမင်းက လိုက်ပို့ပေးမည်ဟုပြောပေမဲ့ ကျွန်တော် က မူကြိုကလေးမှမဟုတ်တာ ။ ဒါလောက်တော့သွားလာတတ်သည် ။ ရန်ကုန် မှာကျောင်းတက်တာ ခြောက်နှစ်ပြည့်တော့မည်ကိုး ။တင်း ..တောင် ...
ကျွန်တော်လူခေါ်ဘ(ဲ လ် )နှိပ်ပြီး ခနစောင့်နေလိုက်သည် ။ ခနနေတော့ ဦးလေးကြီးတစ်ယောက်ခြံတံခါးလာဖွင့်ပေးသည် ။
" မောင်ရင် က စာလာသင်ပေးတဲ့ ဆရာထင်တယ် "" ဟုတ်ကဲ့ ဦး "
" အေးအေး သူဋ္ဌေးပြောထားတယ် .. လာ လာ အထဲဝင်ပါ ဆရာ "
ခြံစောင့်ဦးလေးဖြစ်ဟန်တူသော လူ.ကြီး က သူ့ကို အိမ်ထဲ ခေါ် ဝင်သည်။ သူက တော့ဦးလေးကြီး နောက်ကလိုက်ရင်း ခြံ ထဲကိုမျက်စိ ဝေ့ ကြည့်မိသည် ။ ခြံဝနှင့် အိမ်ဆင်ဝင်အောက်ကိုပင် အတော် ဝင် ရသည်။ လူသွားလမ်း ဘေးတစ်ဖက်တစ်ချပ်စီတွင် နှင်းဆီ ပင်များကို အိုးနဲ့စိုက်ကာ စီတန်းချထားသည် ။ ဟိုဘက်ခြမ်းမှာတော့ အလှမြက်ခင်းပြင်များနှင် ရေတံခွန်တုများ ပန်ပင်များကို စိမ်းလန်း စွာတွေ့ ရသည် ။ တိုက်ရဲ့ ဆင်ဝင်အောက်ရောက်တော့ ဦးလေး ကြီး က အထဲကို အော်ခေါ်ပေးကာ ပြန်လှည့်ထွက်သွားသည် ။ ကျွန်တော့ကိုတော့ အိမ်ထဲ ဝင် ကာ ခနစောင့်နေပါဟု ပြောသွား တော့ ကျွန်တော်လည်း ဧည့်ခန်းက ကာ ဆို ဖာ မှာထိုင်စောင့်နေမိသည်။ အိမ်အတွင်းအပြင်အဆင်က တော့ လူချမ်းသာတို့ရဲ့ ထုံးစံအတိုင်း တန်ဖိုးကြီး ပစ္စည်းများဖြင့်အလှဆင် ထား.သည် ။ အိမ်ထဲကိုအကဲခတ်ရင်း ကျွန်တော်တွေးမိသည် ။ ဤ မျှလောက်ချမ်းသာ နေသော သူ၏ သား က ရုပ်ရှင်ထဲ တွေထဲကလို မောက်မာပြီး အကြောတင်းရင်တော့ ငါနဲ့ အစေး ကပ်မှာ မဟုတ်ဟု ၊ အဲလိုမဖြစ်ပါစေနဲ့ဟုသာဆုတောင်းရသည် ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl