အိပ် ပျော် နေသော ချစ်သူရဲ့ မျက်ဝန်းလေးကို
စေ့ပိတ်ထားတဲ့ မျက်ခွံမို့မို့လေး ထက် ဖွဖွ နမ်းရှိုက်တော့
ကြည်နူးမှုအဟုန် တိုးကာ ဝင်လို့ ဒီမောင် ရင်မှာ
ဖိုရတယ် ။နှစ်ပေါင်းများစွာ ကြုံဖူးချင်သော နံနက်ခင်းလေး
ကို မျက်မှောက် ကြုံတွေ့ ရသောအခါ
တဖွဲဖွဲ ကျနေသော နှင်းများသည် လှပနေ၏။
နှင်းရည်သောက်ကာ ပွင့်ဖူးနေသော ပန်ကလေးများ
ကလည်း အရောင်အသွေးစုံစွာ မျက်စိပဒသာ ဖြစ်စေ၏။
အသိုက်ထဲ၌နှင်းရည်ဖြန်းတာကြောင့်
တိုးဝှေ့အိပ်နေသော ငှက်ကလေးများ
ကလည်း လွန်စွာ ချစ်ဖို့ ကောင်းနေပြန်သည် ။ဘေးပတ်လည်မှာ ခရမ်းရောင် နောက်ခံများ
တရိပ်ရိပ် ပြောင်းသွားသကဲ့သို့ အချစ်ရနံ့များနဲ့
ထုံမွှန်းနေလေသည်။နဖူးပြင်ထက် နှုတ်ခမ်းလွှာလေး တင်မိကာ
ပြုံး မိပြန်သည်။ ညက ပင်ပန်းသွားခဲ့ ရှာမည် ။
သူသည် ကိုယ့်အပေါ် အဆုံးစွန်ထိ ပေးဆပ်ခဲ့လေသည်။
အသစ်တစ်ဖန် ပြန်လည် ရှင်သန် ဖူးပွင့်ဖို့
သူ့ရဲ့ ပေးဆပ်ခြင်းက ခိုင်လုံသောအလီဘိုင် ဖြစ်ခဲ့သည်။
ထိုတရားခုံရုံးတွင် တရားခံကို ရှုံးခဲ့သော ကျွန်တော်
တရားလိုသာ ဖြစ်ခဲ့ပေမဲ့ ကျေနပ်စွာပင် အယူခံဝင်
ခွင့်ကို လက်ခံခဲ့ ပြီး ကွင်းလုံးကျွတ်လွတ်စေခဲ့ သည်။အရှေ့ကိုသာပြုံးပြီးစိုက်ကြည့်နေတဲ့နွေဦးသည်
အနောက်မှ လာနေ သောလက်ကို သတိမထားမိ
လိုက်။ဂုတ်ကိုဖိချခံထိခြင်းနှင့်အတူ တစ်ပတ်လည်ကာ
ကျောပြင်က အိစက်သောအိပ်ရာနှင့်ထိတွေ့သွားမှ
ကိုယ်ဘာဖြစ်နေလဲဆိုသည်ကို သတိထားမိတော့သည်။အပေါ်ကအုပ်မိုးကာပြုံးပြီးကြည့်နေတဲ့သူက
ကိုယ်တစ်ချိန်ကချစ်ခဲ့ရသော မုန်းခဲ့ရသော
တစ်ကျေြာ့ပန်လည် ချစ်ရတော့မည့် လူသား။အကျွန်ရဲ့ ချစ်ခြင်း မုန်းခြင်းသည် ထိုသူနဲ့သာသက်ဆိုင်
ခဲ့ရသည်အထိ ထိုလူသားတစ်ယောက်တည်းအပေါ်
ကိုသာ တိမ်းညွတ်နေသည်မှာ သံသရာ အဆက်ဆက်ထိ
ဖြစ်မည်ထင်သည်။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl