ခရီးစဉ်တစ်လျှောက်လုံးအိပ်ပျော်လာရာ
ဘီးလင်းနားရောက်ကာနီးမှ မုန်းခန့်ထည်
နိုးလာ တယ် ။
ဘေးနားက နွေဦးကို ကြည့်တော့
အိပ်လို့ကောင်းဆဲ
နားကြပ်ကြီး လည်း နားမှာ တပ် မြဲ
ခေါင်းကို ပြတင်းပေါက်မှန် ဘက်စောင်းငဲ့
ကာ ကားစထွက်ထဲကအတိုင်း
တုတ်တုတ်မျှမလှုပ်အိပ်ပျော်နေတယ်ထင်တယ်
ဇာတ် လွဲသွားမှာ.စိုး၍
နွေဦးခေါင်းကို ဒီဘက်ဆွဲယူကာ
မုန်းပုခုံးပေါ် ပေးမှီထားလိုက်သည်။နားကြပ်ကြာကြာတပ်ထားရင်
နားထိခိုက်မှာစိုးလို့ ဖြုတ်ပြီး သီချင်းကိုပိတ်
မုန်ခန့်ထည်ရဲ့အိတ်ထဲပဲ ဖုန်းရောနားကြပ်ရော
ထည့်ထားပေး လိုက်သည်။နွေရာသီဖြစ်နေပေမဲ့ VIPကားမို့ အဲကွန်းက
အေးနေအောင်ဖွင့်ထားသည်။
မုန်း ခန့်ထည်အောက်လျှောကျနေသောစောင်ကို.
ကောက်ယူကာနွေဦး ပုခုံးပေါ်ထိ
နေရာလပ်မကျန်အောင်
ထုပ် ပြီးခြုံထား ပေး ၏။အားလုံးပြီးသွားတော့ မှ
ကိုယ့် ခုံပေါ် ခေါင်းမှီကာ
ဟိုဘက်ခြမ်းက ပြတင်းပေါက် ဘက်ကို
အမှတ်မထင် အကြည့်ရောက် တော့
ကောင်မလေးနှစ်ယောက် က ဒီဘက်ကိုကြည့်ပြီး
အချင်းချင်း လက်တို့နေရာကနေ
မုန်းခန့်ထည်လည်း မျက်နှာလှည့်လာရော
အသီးသီး ခေါင်းလေးတွေငုံ့ သွားကြ၏။
ဖုန်းကို ကြည့်နေပြီး ပြုံးစိစိနဲ့
ဒီဘက်ကို မျက်စိကစားလိုက်
အချင်းချင်း တွတ်ထိုးလိုက်နဲ့ ။ဘာလဲ ဒီကလေးမလေးတွေ
နွေဦးကို ကြည့်နေတာလား။
ဖုန်းနဲ့ပဲ ဓာတ်ပုံရိုက်နေတာလား ။
မုန်းခန့်ထည်တွေ့ ရသလောက်
ဒီဘက်ပဲလှည့်ပြီး နှစ်ယောက်သား
တီးတိုးပြောနေကြတာ တစ်ခါမဟုတ် ။
အခါခါ ။
တစ်ခေါက်ဆိုတိုက်ဆိုင်တာ
ဒီထက်ပိုသွားရင် တမင်သက်သက် လုပ်တာ
ဖြစ်သွားပြီ။
ဒီခေတ်ကလေးတွေမလွယ်ပါလား။
ယောကျာ်းလေး နှစ်ယောက် ကိုများ ကြည့်နေတာ က
ရဲရဲတင်းတင်း။
တစ်ချက်တစ်ချက် ပြတင်းပေါက် နဲ့ကပ်ရပ်
ကောင်မလေး ဆိုရင် ခါးကို အနည်းငယ်ကုန်းကာ
နွေဦးကို ကျော်ကြည့်နေသေး တယ်။
ပြီးတော့ သူ့ဘေးက ကောင်မလေးကို လက်တို့ပြီး
ရယ်နေပြန်တယ် ။
ရဲတင်းလိုက်ကြတာ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl