ရင်ခုန်သံမှားယွင်းခြင်း -၁
>>>>>>>>>>>>>>>>>မိုးမရွာဘဲ သာယာသောနေ့တစ်နေ့ဖြစ်ခဲ့သည် ။
ကောင်းကင်ကြီးက မည်း မနေဘဲ နေသာ ပြီး
နေလို့ထိုင်လို့ကောင်းသောနေ့တစ်နေ့ ။
မနက်ပိုင်း မိုး တစ်ဖွားနှစ်ဖွားရွာထားလို့ မြေသင်းနံ့ လေး
သင်းကျန်ခဲ့သောနေ့ ။
ဒီနေ့မှာ ဖေဖေ ခေါ်ထားတဲ့ ဂိုက် ဆိုတာကြီးလာမယ်တဲ့။ နွေဦး တို့်ကတော့သနားတယ် ။
စိတ်ပျက်သွားအောင်လုပ်ပေးလိုက်ဦးမည်။နွေဦး အပီအပြင်ကြုံးဝါးပြီး အိပ်ခန်းထဲ အောင်းကာ
ဂိုက်ကြီးလာမဲ့အချိန်ကိုစောင့်နေ တာ။
ပျင်းလာတော့ နားကြပ်လေးတပ်
သီချင်းလေးနားထောင် ရင်းအချိန်ကောင်းကို စောင့်နေ၏။ဟော ခနနေတော့ မေမေလာတက်ခေါ်တယ် ။
ဂိုက်ကြီးလာပြီ။OK!တပ်ထားတဲ့နားကြပ်ကို မဖြုတ်ဘဲ လည်ပင်းမှာတပ် ။
ရေချိုးပြီးကတည်းကဝတ်ထားသော မျက်စိနောက်လောက် မည့် ဂျင်းပြဲ ဘောင်းဘီနဲ့ အရိုးခေါင်းပုံတီရှပ်
အိုခေ အဆင်ပြေပြီ။
ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ကာ မျက်စိနောက်လောက်
မည့် ဒီဇိုင်းအတွက် ကြံဖန်ဂုဏ်ယူလိုက်သည်။လှေကားပေါ်က တစ်ထစ်ချင်း ဆင်းပြီး ဂိုက်ကြီးကို
အပေါ်စီးက ကြည့်မိသည်။ ဘယ်ရာစုကလည်းဆင်းလာတာလဲ။ ရှပ်အကျီ င်္ အကွက်နဲ့ ယောပုဆိုးကိုသာ ရိုးရိုးဝတ်
ထားလေသောလူရွယ်ကိုကြည့်ပြီး အထင်ကြီးချင်စိတ်က
စိုးစဉ်းမျှ မဝင်ခဲ့ချေ။နွေဦးမိုး.အောက်ထပ် အရောက် ဂိုက်ကြီးက
မော့ကြည့်ပြီး မျက်မှောင်ကြီး.ကျုံ့ထားလိုက်တာ ပြန်ကို
မထွက်လာတော့။ ကိုယ်လည်းဘယ်ရမလဲ
သူနဲ့အပြိုင် ကျုံ့ ပစ်လိုက်တာ ၊
မျက်မှောင်ကိုပြောပါတယ်၊ခုံမှာ အသာလေး ဝင်ထိုင်တော့ မေမေက မိတ်ဆက်ပေး
သည်။ကိုယ်ထက်လေးငါးနှစ်ပဲ ကြီးပုံရလို့ ဆရာလို့လည်း
မခေါ်ချင်တာနဲ့ ခပ်ချေချေပဲ
Sirလို့ခေါ်ပစ်လိုက်တယ်။ ဟဲဟဲ
ကိုယ့်လူတော့တင်းလောက်ပြီ။
ပြီးတော့သူက သူ့ကိုယ်သူ မိတ်ဆက်တယ်။
နာမည်က မုန်းခန့်ထည် တဲ့ ။
နာမည်ကြီးက တင်စီးလိုက်တာလို့ မကြားတကြားပြော
တာ ကြားသွားတယ်ထင့် ။ ဖျတ်ကနဲလှည့်ုကြည့် သည်။
သေချာတယ် ။ သူ ကိုယ့်ကို ချဉ်သွားပြီ။
ကိုယ်ကလည်းဒါပဲလိုချင်တာ..
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl