မထင်မှတ်ပဲရောက်လာတယ်
မသိခင်မှာ ပြန်သွားခဲ့တယ်...
မှုန်ရီလို့သွားမှပဲ.....သူ့ရဲ့ခြေရာကိုရိပ်စားမိ
အဖြေကိုရှာကြည့်ခဲ့......လေပြည်ရယ် မင်းသိပ် တတ်နိုင်တယ် .......
**********အချစ်သည်********
အချစ်သည်လေပြေတဲ့
ကျွန်တော်ငယ်ငယ်ကကြားခဲ့ဖူးသော ဇော်ဝင်းထွဋ်ရဲ့
သီချင်းကောင်းလေးတစ်ပုဒ်။အခုတလောသီချင်းဆိုပြိုင်ပွဲတွေမှာကြားနေရတတ်တဲ့ထို
သီချင်းကိုနှုတ်ဖျားထက်မှာမကြာခဏစွဲမြဲစွာဆိုတတ်နေခဲ့၏။
သိပ်ကိုအနှစ်သာရ ပြည့်တဲ့ သီချင်းပေါ့
အချစ်ရဲ့ အကြောင်းကို နူးနူးညံ့ညံ့လေးဖွဲ့ဆိုထားတာထိုစာသားထဲကအတိုင်း ကျွန်တော့်ရဲ့လေပြည်လေးက
ခန့်မှန်းဖမ်းဆုပ်ရခက်သော လေပြေလေး။
ထင်မှတ်မထားတဲ့အချိန်မှာရောက်လာပြီး မသိခင်မှာပဲ
ထိုးလျှိုးပျောက်ကွယ်သွားခဲ့တယ်။လိုက်ရင်ပြေးတတ်တဲ့ လူ့သဘာဝအရ ကျွန်တော်ဟာ
မသိသလိုဟန်ဆောင်ပြီးးပြေးနေခဲ့ပါတယ်
တန်ဖိုးသိလာတဲ့အချိန်မှာ ကျွန်တော် ရပ်စောင့်နေရင်
တောင်မှ သူဟာ ကျွန်တော့်ကို ကျောခိုင်း လို့ နေနေပါတော့တယ်။ညဘက် က အဖြစ်အပျက် တွေကြောင့် ညတွင်းချင်း
အပြင်ထွက်သွား တဲ့ ကောင်လေးဟာ မိုးချင်းချင်း
လင်းသည်အထိ အိမ်ပြန်ရောက်မလာ ခဲ့ ပါ။
စိတ်တွေပူကာ ဖုန်းဆက်မည်လုပ်ပေမဲ့ အနှောင့်အယှက်
ပေးမိမှာ စိုး၍ သိချင်စိတ်ကို အခါခါ သတ်ပြီး နေနေရလေ၏။ထိုကောင်လေး မရှိသော အိမ်တံခါးကို သော့ပိတ်ကာ
ကိုယ့်အိမ်ကို တစ်ချက် ပြန်ဖို့ လုပ်ရသည်။
မမ က မနက်က ပြန်လာဖို့ ပြော နေ၍ မျက်နှာလေး
တစ်ချက် သွားပြပြီး ဒီကို ပြန်လာရန် စီစဉ်ထားသည်။ဆိုင်ကယ်ကို အသာလေး မောင်းနှင်ခဲ့ရင်း လမ်းဘေး
ဝဲယာကိုလည်း မျက်စိကစားရသေးတယ်။
နွေဦး ကိုများ.တွေ့ လို တွေ့ ငြား ။ မုန်းခန့်ထည်
ရဲ့ ညက အပြု အမူ များသည် လွန်သည်ဟု
ထင်ရသော်လည်းလွမ်းနေရတာကို ချေဖျက်ဖို့
ထိုမျှလောက်လေးက မုန်းခန့်ထည် အတွက်တော့မလွန်။
နယ်ကျွံချင်နေသောစိတ်ကို ပြန်လည
် ရုတ်သိမ်းခဲ့ရခြင်းကမြင်းအကောင် ရေ
တစ်ရာ လောက် ထိန်းရတာထက် ပိုခက် ခဲ့၏။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl