"16"

9.3K 606 5
                                    

ရင်​မှာသိုဝှက်​သိမ်းဆည်းထားသည်
မေတ္တာပန်း
မနွမ်းခင်
ချစ်​သူသိ​စေ

..............................

အ​ဆောင်​​အောက်​ထပ်​မှ ကားဟွန်းတီးသံ အကျယ်​ကြီး
ကြားရပြီး မကြာခင်​ အခန်းဝမှာ လူတစ်​​ယောက်​​ပေါ်
လာတယ်​။အခန်းထဲ​လျှောက်​ဝင်​လာသံ​ကြောင့်​ မုန်းခန့်ထည်
စာအုပ်​​တွေလွယ်​အိတ်​ထဲ ​ကောက်​ထည့်​ ​နေ
ရင်း ​မော့ကြည့်​​တော့​ ​​နွေဦးတ်​ ပြုံးပြ​နေ​သော
နွေဦးမိုးကို​တွေ့ လိုက်​ရသည်​ ​။
မုန်းခန့်ထည် ကအံ့သြ သွားပုံရကာ

" မနက်​အ​စောကြီး ဘာကိစ္စလဲ ​နွေဦး
ကိုယ်​​ကျောင်းသွားရမှာ "

" ကိုမုန်းကို ​ကျောင်းလိုက်​ပို့ဖို့ "

နွေဦး​ပြောရင်းဖြင့်​ပင်
၊ ​မုန်းခန့်ထည်ထိုင်​​နေတဲ့ကုတင်​​ပေါ် ဝင်​ ထိုင်
လိုက်​သည်​။ ​ကြောင်​​ကာရပ်​ကြည့်​​နေ​သော
မုန်းခန့်​ထည်​ကို တစ်​ချက်​လှမ်းကြည့်​လိုက်​ရင်း စားပွဲ​ပေါ်က
စာအုပ်​​တွေကို ရည်​ရွယ်​ချက်​ မရှိ​လျှောက်​ကိုင်​ကြည့်​ ​နေသည်​။

" ဘာဖြစ်​လို့လဲ ကိုမုန်းရ"

" မင်းကိုယ့်​ကိုဘယ်​လို ​ခေါ်လိုက်​တယ်​ "

" ​အော်​ အဲ့ ဒါလား
ဒီလိုပဲ​ခေါ်ဖြစ်​သွားတာ မကြိုက်​လို့လား"

" ပိုနား​ထောင်​​ကောင်းပြီးရင်းနှီးသွားတယ်​လို့ ထင်​တယ်
ကိုယ်​ကြိုက်​ပါတယ်​ ဒါဆိုကိုယ်​လည်း မင်းကို
ပိုရင်းနှီးသွားရ​အောင်​လို့ ​တစ်ခုခုခေါ်မယ်လေ "

နွေဦးသည်​သွားတက်​က​လေးများ​ပေါ်​အောင်​ ပြုံးလိုက်​ပြီး

" ညီလို့ခေါ်လေ"

" ဟင် ညီ?"

နွေဦးက ခပ်တည်တည်ကလေးဖြင့် ခေါင်းညိမ့်ပြ၏။ ဒီအတိုင်းပဲခေါ်စေချင်တဲ့ပုံမျိုးပဲ။ကိစ္စတော့မရှိတာမို့ နွေဦးမိုးစိတတ်ချမ်းသာစေရန် ခေါ်ပေးဖို့ဆုံးဖြတ်လိုက်၏။

" ညီ"

မုန်းခန့်ထည်ပုံစံကအနည်းငယ်၇ှိုးတိုး၇ှမ်းတမ်း ဖြစ်နေသေးတာမို့ နွေဦးမိုးရယ်မိသည်။

အမုန်းအဆုံးသတ်​Where stories live. Discover now