အေးစက်စက် လေထုတွေ လွှမ်းခြုံ နေတဲ့
အိမ်ထဲမှာ အလွန်တရာ မုန်းလှပါသည် ဆိုတဲ့
လူတစ်ယောက်နဲ့ ခါးသီးတဲ့ အထီးကျန် ခြင်း
ကို ခံစားစွာ နေနေ ရရင် လူတွေ ဘယ်လို တုံ့ပြန်
တတ်ကြသလဲ ကျွန်တော်မသိ ပါ။ကျွန်တော်ကတော့ ရူးခါ လောက်အောင်
သေချင်စိတ်ပေါ်နေတယ်။ မောင်းထုတ်လည်း မသွား။
အော်ဟစ် ရိုက်ပုတ်လည်းမနာတတ်တဲ့ ဒီနိုင်ငံကြီးသားက
ဗုဒ္ဓဘာသာဝင် ကျွန်တော့်ထက် ခန္ဒီ ပါရမီ များနဲ့ ပြည့်
စုံ နေ သလား မတွေးတတ်အောင် ပင်
ကပ်တွယ်နေသည်က မျော့ ထက်ဆိုးသည်။နာကျင်တကာ့အနာကျင်ဆုံးစကားလုံးများရွေး
ပြော လည်း သူ့ဘာသာစကားမဟုတ်လို့
မနာပါဘူး ဆိုသည့်ထုံးနှလုံးမူထား လေသလား ။
ခံနိုင်ရည်သိပ်သည်းဆက မြင့်မားလွန်းနေတာ
ဘာသားနဲ့ထုထား တာ လဲ။ကိုယ်က မျက်နှာ ချင်းမဆိုင်ချင်၍ ဆိုင်မှာ သွား
အိပ်သော် ဆိုင်က အလုပ်သမားလေးများက
ကျီးကြည့်တောင်ကြည့် ကြည့်ကြသည်။
အလုပ်တွဲလုပ်တဲ့ ပါတနာများက တဲ့တိုးမေးကြသည်။
မန်နေဂျာကပါ သိချင်သလို စကားထဲ ထည့်ပြောလာ
တော့ မခံနိုင်တော့တဲ့အဆုံး မူရင်း နေရာ တိုက်ခန်း
ပေါ်ပြန်ရောက်လာပြန်သည်။ကိုယ့်မှာ ကိုယ့်အိမ်ကိုယ့်ရာ ရောက် တာတောင်မှ
ပြောင်းလဲသွားတဲ့ အိမ်အခြေ အနေကို ကြည့်ပြီး
မှင်သက် နေ ရ ပြန်တယ်။ အစဉ် အမြဲ ရေးလက်စ
စာရွက်စုတ်တွေ ဝတ်ထားတဲ့အဝတ်ပုံတွေ
ပြန့်ကျဲ နေတတ်တဲ့ အိမ် ရှေ့
ဧည့်ခန်းကြီး က တောက်ပြောင် နေတာများ
အသစ်တစ်ခု လဲထည့်ထားတဲ့အတိုင်း ။ဧည့်ခန်းထဲ ဝင် တာ နဲ့ ပန်းအိုးသုံးလေးအိုး
ကို နေရာတကျ တွေ့ ရသေးသည်။ အရင်ကတော့
ထိုနေရာမှာ ပန်းအိုးတွေအစား စားပွဲဝိုင်းတစ်ခု နဲ့
စားလက်စ ပန်းကန် ပြား အချို့သာ ရှိနေတတ် ရာ
ထို လူ့အသန့် ရောက်လာမှ ဧည့်ခန်းတည်းဟူသော
ဂုဏ်ပုဒ်နဲ့ ညီသွားရသည်။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl