" ပြီးတော့ ကိုယ်တို့ညကလေးအတွက်ညီ့ကို
တာဝန်ယူရဦးမှာ "လေတိုးသံလောက်သာ ဖြစ်ပေမဲ့ ဝုန်းကနဲ
တိုးဝင်လာတဲ့ စကားလုံး က နွေဦးကို အလန့်တကြား
ဖြစ်စေသည်။ ပြန်မတွေးချင်တော့ တဲ့ ကိစ္စတစ်ခုကို
ကြားလိုက်ရသောကြောင့် အနားတိုးကပ်နေတဲ့ ရင်ဘတ်
ကိုဆောင့်တွန်းမိသည်။နားနားကပ်ကာ ပြောနေတဲ့မုန်းခန့်ထည် သည်
အနည်းငယ် ဖျားနေသေးသောကောင်လေး၏
ဆောင့်တွန်းမှုကြောင့် မပြုတ်ကျသွားပေမဲ့
နောက်သို့ခြေ နှစ်လှမ်းစာလောက် ဆုတ်သွားရ၏။ခွပ် !
ထိုးချလိုက်တဲ့အရှိန်ကသိပ်မသေးလှ။
ထွက်နေတဲ့ဒေါသတွေကို လက်သီးပေါ် စုပုံချလိုက်တယ်
ထင်ရသည်။ နာကျင်သွားတဲ့ ပါးစောင် တစ်ဖက်ကို
ကိုင်ရင်း နွေဦးကိုပြုံးကြည့်နေပြန်၏။ အရာရာကို
ခွင့်လွှတ်ပေးနေပါတယ်ဆိုတဲ့အပြုံး မျိုး။" ခင်ဗျား အဲ့ဒီအကြောင်းကိုလေသံနဲ့တောင်မဟနဲ့
တာဝန်ယူမှုတွေ တာဝန်ခံမှုတွေလည်း မလိုဘူး
ကျုပ်က ယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့
အတွက် ခင်ဗျား စိတ်ပူပေးစရာ မလိုဘူး
အခုကျုပ်အိမ်က ထွက်သွားလိုက်တော့ "နီရဲတက်လာတဲ့ပါးပြင်နှစ်ဖက်က ဒေါသကြောင့်လား?
ရှက်သွားတာလား မသဲကွဲသော်လည်း မုန်းခန့်ထည်
မျက်လုံးထဲမှာတော့ အရမ်း ချစ်စရာကောင်းနေသည်။သူထွက်သွားခိုင်းသလို တော့ ကျွန်တော်မထွက်သွား
နိုင် ။ ဒီမှာ နေဖို့ တွေးလိုက်ကတည်းက နောက်ပြန်
လှည့်ဖို့မဟုတ် ။မနက်လင်းလင်းခြင်း ရရာကောက်
်ထည့်ကာ ဘာကိုဘာမှ မစဉ်းစားနိုင်ဘဲ အထုပ်ဆွဲ
ထွက်လာခြင်းက သူ့ကို နောက်တစ်ကြိမ် လက်လွှတ်
လိုက်ရမှာ ကြောက်လို့ ။ မျက်စိရှေ့မှာ မြင်နေရက်
သားနဲ့ မမြင်ချင်ယောင်ဆောင်ပြီး မနေနိုင်ပါ။
နောက်တစ်ဖန်ကြိုးစားခွင့်အတွက် အခွင့်အရေးရှိတယ်
ထင်မိသည်။ အခုမှပဲဆယ်ကျော်သက်တစ်ယောက်လို
အချစ်မှာ ရူးနှမ်း ချင်နေ၏။
လက်လွှတ်လိုက်ရမှာ ကြောက်သည့်စိတ်က ကြီးစိုး
နေတာမို့ အခြားအရာတွေကို မတွေးနိုင်လောက်
အောင် ဖြစ်နေသည်ကို ကိုယ့်ကိုယ်ကို သိသည်။
အိမ်ကမိသားစု မိတ်ဆွေတွေ ပြောကြမှာကို မေ့ထား
ပြီး ယခုအချိန်မှာ သူ့ကို ဖမ်းဆုပ်ထားဖို့ သာ
အတွေးထဲရောက်နေ၏။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl