ညသန်းခေါင်မှာတတူတူဝင်လာတဲ့ဖုန်းသံကစိတ်အနှောက်အယှက်ဖြစ်စွာမြည်နေ၏။မကိုင်မချင်းထအော်နေမည့်ပုံမို့စိတ်မရှည်စွာကောက်ကိုင်လိုက်ရ၏။အချိန်က
ို ကြည့်တော့ ညတစ်နာရီကျော် နေပြီ ။"ဟဲလိုအမိန့်ရှိပါ နွေဦးမိုးပါ"
"ဟဲလို ကြားရလားခင်ဗျ ဒီမှာ လူတစ်ယောက်လဲကျ နေ
လို့ သူဖုန်းထဲမှာတွေ့တဲ့နံပါတ်ကို ခေါ်လိုက်တာပါ
လူနာရှင် အနေနဲ့အတည်ပြုဖို့ တစ်ချက်လောက်လာ
ခဲ့ပေးလို့ရမလားခင်ဗျ"ဘယ်သူများပါလိမ့်။ဒီမြို့မှာနွေဦးကိုသိတဲ့လူခပ်ရှားရှားရယ်
ဖုန်းနံပါတ်ကရော ဘယ်က ရသလဲ။"အဲ့ဒီကလူရဲ့ပုံစံကိုပြောပြပေးလို့ရနိုင်မလား "
လေသံပြတ်တောင်းပြတ်တောင်း ဖြစ်သွားပြီးမှ
တစ်ဖက်က လူရဲ့ ပြန်ဖြေ သံကို ကြားရ၏။" အရပ်မြင့်မြင့် အသားဖြူ ဖြူ ပါ အော် နဖူးမှာ လည်း
ပတ်တီးနဲ့ ခင်ဗျ "" ဟင် "
ထိုလူ ပြောပုံအရဆိုရင် မုန်းခန့်ထည် ပဲ ။
" အဲ့ဒါ ဆို တခြားဖုန်းကို ဆက်ကြည့်ပါလား
ကျွန်တော်လာရတာ အဆင်မပြေလို့ ပါ "" တခြားဖုန်းနံပါတ်မတွေ့ ဘူး ခင်ဗျ ဒီက လူကြီးမင်း
နံပါတ်ပဲ မှတ်ထားတာတွေ့ လို့ပါ "ပူနွေးသော မြစ်တစ်ခု ရင်ဘတ်ထဲ စီးဆင်းသွား၏။
လက်သင့်မခံချင်သော ခံစားချက်တစ်ခုကို
စိတ်အလို မကျခြင်း ဟုသာ ခေါင်းစဉ် ပြောင်းလဲ
ပစ်လိုက်၏။" ကျွန်တော် လာခဲ့ပါ့မယ် နေရာ လေးပြောပြ ပေးပါ "
တစ်ဖက်က လူက ပုဂ္ဂလိက ဆေးရူံတစ်ခုရဲ့ နံမည်
ကို ရွတ်ပြ၏။"Ok okကျွန်တော်လာခဲ့ ပါ့မယ် "
ညအိပ်ဝတ်စုံကို မလဲ လှယ်နိုင် ။ ဆိုင်ကယ်သော့ယူ
ကာ ထွက်ခဲ့ရသည် ။ ထိုလူပြောပုံအရဆို မုန်းခန့်ထည်
အိမ်မပြန်သေးဘဲ တစ်နေရာရာမှာ ထိုင်နေတာ
ဖြစ်နိုင်သည်။ သူတို့က မေ့လဲနေတာတွေ့ လို့
ဆေးရုံ တင်ထားပေးတာတဲ့ ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl