ကိုယ်ကိုယ်တိုင် သေချာမသိလိုက်ခင်လေးမှာ
သူက နှလုံးသားထဲချဉ်းနင်းဝင်ရောက်သွားပြီ
ရင်ခုန်သံကို အချစ်လို့ ဘာသာ ပြန် လို့
ရ မရ ကိုယ်မသိ ပါဘူး
မင်းဟာ ကိုယ့်အတွက်တော့
တေးသွားမပါတဲ့ ကကြိုးတစ်ပုဒ်။.............................
ကြည်လင် နေသော ကောင်းကင်ပြာ၌
နေရောင်က မစူးရှလွန်း ဘဲ
နွေးထွေး နေ၏။
ငြိမ့်ငြိမ့်ညောင်းညောင်း
တိုက်ခက်လာတဲ့ လေနု လေးတွေက
ဆည်းလည်းသံလေးတွေကို ယူဆောင် ပေး လာသည်။
လူများစွာ ထူထပ်နေခြင်းမဟုတ်ပေမဲ့
ဘုရားရင်ပြင်တော်ပေါ်တွင်တော့ ပြည့်နေ၏။
သို့သော်လည်း ဆူညံသံတွေ မရှိဘဲ
ရေချမ်း ကပ်သူတွေ တရားထိုင်သူတွေ
ဘုရားဝတ်ပြုသူတွေနဲ့ က အသီးသီး ကိုယ့်အာရုံ
နဲ့ကိုယ် အေးချမ်း နေ၏။ကျွန်တော့် ဘေး က ချစ်သူလေး.သည်လည်း
ငြိမ်း အေးမှုအပြည့်ဖြင့်
ဘုရား ဝတ်ပြုနေလေရဲ့ ။ သဲရဲ့ အေးချမ်း တဲ့
မျက်နှာလေးနှင့် ရွှေတိဂုံဘုရားကို အာရုံပြုနေပုံလေးက
ရင့်ကျက်မှု အပြည့်ုဖြင့်။
ဒီနေ့ က တနင်္ဂနွေဖြစ်တဲ့အတွက်ကျောင်းလည်းပိတ် ကျူရှင်လည်း ပိတ်လို့ သဲ နဲ့ ဘုရားလာဖူးခြင်း ။
လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟု
ခေါ်တွင်သော စေတီတော်သည် ကျွန်တော့်
ကို အမှန်တကယ်ကြည်ညိုစေသည် ။
ထုထည်ကြီးမားလှသောစေတီကြီးသည်
ဖူးတွေ့ ရသူလူအပေါင်းကို
စိတ်ဝယ် ကြည်ရွှင် ဝမ်းမြောက်စေ၏ ။
စေတီတော်ကြီးကို ကြည့်ရင်း
ဘာဝနာ များ ပွားများ နေခိုက်..." မုန်း သဲ ဘုရားရှိခိုးပြီးပြီ
စေတီတော်ကြီးကို တစ်ပတ် ပတ်ကြ ရအောင်နော်"" အင်း သွား မယ်လေ "
သဲရော ကျွန်တော်ရော စေတီတော်ကို လက်ယာရစ်
ပတ်ရင်း လမ်းလျှောက်လာခဲ့သည် ။
တစ်နေရာရောက်သော အခါ ဓာတ်လှေကားမှတက်လာ
သော နွေဦး ကို လှမ်းမြင်လိုက် သည် ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl