ဒုန်း !ချွင်!
" ဟာ ဘာလဲဟာ "
အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးကို တစ်ဖန် ပြန်မှိတ်လိုက်၏။ မီးဖိုခန်းထဲက လျှံထွက်လာတဲ့ ဆူညံသံများကို
အသံတိတ် မေတ္တာပို့လိုက်ပြီး အိပ်မောကျခြင်းသို့
ရောက်သွားပြန်သည်။အဟိဟိ ဘာလဲဟ ယားကျိကျိနဲ့ ..
အဟိုးဟိုး ပါးပေါ်က နွေးတေးတေးလေး ကမျှော့တစ်
ကောင်လိုပဲ လျှောတိုက်လျှောက်သွား နေတော့တာပဲ။
နွေဦး မနေနိုင်စွာ တွန့်လိမ်လိုက်မိသည်။ သို့သော်
မျက်လုံးများက ပိတ်လျက်သား ။ နိုးတစ်ဝက် အိပ်တစ်ဝက်
လို ဖြစ်နေပြီး အာရုံကြောတွေက အိပ်ချင်စိတ်သာ ကြီးစိုး
နေသောကြောင့်ကောင်းစွာ အလုပ်မလုပ် နိုင်။
ထို့ကြောင့် ပါးပေါ်က အိစိ အိစိ အရာကို ဘာပါလိမ့်ဟု
မစဉ်းစား နိုင်ဘဲ ပြန်အိပ်ပျော်သွားပြန်သည် ။အိပ်ရာခင်း ဖြူဖြူပေါ်မှာ မှောက်ခုံလျက်သား အိပ်နေပုံက
စိတ်လွတ်ကိုယ်လွတ် ။ ဖေဖော်ဝါရီ လလယ်ရဲ့
ပူလောင်ခြင်းတချို့ ကြောင့် အပေါ်ပိုင်းအဝတ်မကပ်
ထားသော လူရိုင်းတုန်းလေးက အောက်ပိုင်းမှာလည်း
တိုလွန်းလှသော ဘောင်းဘီကပ် လေးဖြင့် ဖြူ ဝင်းနေသောပေါင်တံတို့ကို ကြွားဝါနေပြန်သည်။ကြွေသားလို ကြည်လင်နေတဲ့ ကျောပြင်ကျယ်သည်
ဖြူ နုနု မွေ့ရာခင်းနဲ့ လွန်စွာ လိုက်ဖက်ညီလှသည် ။
မုန်းခန့်ထည် အသည်းတယားယားဖြင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလေသည် ။ ဖျစ်ညစ် ပစ်လိုက်ချင်စိတ်က
တစ်ဖွားဖွား ။ စိတ်ရိုင်းဝင်လာတာ မဟုတ်ဘဲ ကလေးငယ်
တွေကို အသည်းယားသလိုမျိုး လက်ထဲမှာ တဖျစ်ဖျစ်
မြည်အောင် ညစ်ချင်လာတာမျိုး ။ ၂၅နှစ်အရွယ် လူငယ်
လေးက ဒီလောက် ချစ်ဖို့ကောင်းအောင် အိပ်တတ်သလား
တော့မသိပေမဲ့ မနက်ခင်းတိုင်းလိုလို မုန်းခန့်ထည်
တွေ့ ခွင့်ရတဲ့ ယောကျာ်းပျို တစ်ယောက်ကတော့
သေလောက်အောင် ချစ်ဖို့ ကောင်းစွာ အိပ်စက်တတ်
သည်။
STAI LEGGENDO
အမုန်းအဆုံးသတ်
Storie d'amoreအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl