ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ နှစ်ယောက်ကို
ဇွဲတမန်စူးစိုက်ကြည့် နေသည် ။ ငြိမ်သက်စွာ
ထိုင်နေသော်ငြား စိတ် အတွေး တွေက မိုင်ထောင်ပေါင်း
များစွာကို နယ်လှည့်နေမှန်းနွေဦး မျက်နှာကို မြင်ရုံ
နဲ့ဇွဲတမန် သိ၏။ဘေးနားက ဆိုဖာမှာ ထိုင်ရင်း ဒဏ်ရာကို Justin
ဆေးထည့် ပေးတာ ခံနေသော မုန်းခန့်ထည်ကိုပါ
တလှည့် ကြည့် နေပြန်သည် ။ပြီးနောက် သက်ပြင်းမောတစ်ခုကို ဟူးကနဲမည်အောင်ချလိုက်ကာ ဆိုဖာပေါ် လျော့တိလျော့ရဲ မှီချလိုက်၏။
ညနေလောက်က အိမ်တံခါး ခေါက်သံကြား၍
အကြော်အိုးကြော်နေရက်တန်းလန်း တံခါးဖွင့်ကြည့်
တော့ အနှီလူသားနှစ်ယောက်ကို တွေ့ ရခြင်း။တစ်ယောက်က ခေါင်းငိုက်စိုက်ကျလျက် နောက်တစ်
ယောက်ကတော့ ခေါင်းမှာ သွေးစအချို့ ကခြောက်
လျက်ပင်ရှိနေသော ကောင်လေးနှစ်ယောက်ကို
မြင်သော အခါ ဇွဲတမန် ရှော့ ရချင်သွားသည်။
ဘာဖြစ်လာခဲ့လဲ ဆိုတာ မသိပေမဲ့ နွေဦးဆီက
ထွက်လာသော တိုးဖျော့ဖျော့ စကား က တစ်ညလောက်
ပေးတည်းခွင့်ပြု ရန် ။တစ်စိမ်းဆန်ဆန်ခွင့်တောင်းလာတဲ့ ကောင်လေးကို
ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်ချင်သည် ။ ဒီလူနဲ့ ဒီလူ
ခွင့်တောင်းနေစရာလား ? ကိုဇွဲ ဒီည ကျွန်တော်တို့
ညအိပ်မယ် ဆိုရင် တောင် အချိန်မရွေး ဝင်လာ
လို့ရတဲ့နေရာကို ....
သို့သော်မြဲမြဲဆုပ်ထားတဲ့ တွဲလက် နှစ်ခုကို မြင်သော
အခါ ပြောစရာစကားတို့က အလိုလို ကွယ်ပျောက်သွား
၏။ သိပ်ချစ်ကြသော ကောင်လေး နှစ်ယောက် သည်
ပြသနာ ကြီးကြီးကြုံ လာ သည်ဟု ထင်ရသော်လည်း
တစ်ယောက်ကို တစ်ယောက် လက်မလွှတ်လိုက်ကြ
တာကို ကြည်နူးစွာ တွေ့ မြင်လိုက်ရ၏။" အခု ဘာလုပ်ကြမှာလဲ Spring မင်းမော်လမြိုင်ကို
လိုက်ပြန်မှာလား "
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl