ပတ်တီးအဖွေးသားနဲ့ ဆေးရုံရောက်လာသော
လူနာမဟုတ်တဲ့ဆရာဝန်ကိုစပ်စု နေကြသည်မှာ
လူ့သဘာဝကို ဖော်ဆောင်နေသည်။မေးမြန်းကြတော့မည့်လူ များရဲ့ အကြည့်ကို
ရှောင်လွှဲဖို့ အိမ်သာထဲကို ဝင်ခဲ့ရ၏။
တကယ်လို့ မေးကြပြီဆိုရင် ဘယ်လို ဖြေရမလဲ။
ကောင်လေးတစ်ယောက်ကိုသွားနမ်းလို့
ပန်းအိုးနဲ့ ရိုက်ခွဲခံ ထိတယ်လို့
ဖြေရမလား ။ ရှက်စရာ ပါ ။အိမ်သာထဲရှောင်နေကာမှဘေစင်မှာ လက်ဆေးနေတဲ့
သူကို တွေ့တော့မှအမှားကြီးမှားမှန်းသိတော့၏။." ဟာ ငါ့ကောင် ဘာဖြစ်လာတာလဲ "
လက် ကရေတောင် မခြောက်သေးဘဲ
နဖူးပေါ်က ပတ်တီးကို လာကိုင် သည်။
မုန်းခန့်ထည် ခေါင်းရှောင်လိုက်ကာ" ဆိုင်ကယ် မှောက်တာ "
" ဟမ် ပြစမ်း ခြေတွေ လက်တွေရော ဘာဖြစ်သွား
သေးလဲ "ကိုသီဟက မုန်းခန့်ထည်ရဲ့ လက်ကို ဆွဲကာ
ရှမ်း နွားကြည့်သလို ခြေရော လက်ရော မျက်နှာ တွေပါ
မကျန် ဖြဲ ကြည့်နေသည်မို့ ရယ်ချင်လာ သည် ။" မင်း ခြေ လက်တွေက အကောင်းကြီး
ဘယ်လိုလို့ ခေါင်းပဲထိသွားတာလား "" ဟုတ်တယ် "
မုန်းခန့်ထည်ကိုဆို အရည်ကြို သောက်ထားသလို
သိတဲ့ ကိုသီဟက" မလိမ်တတ်ဘဲမလိမ်စမ်းနဲ့ ငါ့ကောင်
ဘယ်မှာ ရိုက်ပွဲ ဖြစ်လာ လဲ ပြော ပါဦး "" ဖြစ်စရာ လားဗျာ ကျွန်တော်က ရန်ဖြစ်တတ်တဲ့
လူမှမဟုတ်တာ "ကိုသီဟရဲ့ ရေစိုနေတဲ့လက်သည် မသုတ်ရပါဘဲ
လေသလပ်၍ ခြောက်သွားပြီ မို့ လက်ကျန် စိုထိုင်းထိုင်း
ကို ပုဆိုးနဲ့ သုတ်ရင်း ဆက်မေး၏။" ဒါ ဆိုချောင်းရိုက်ခံထိတာလား "
" ချောင်းရိုက်ခံထိတာ မဟုတ်ဘူး တည့်ရိုက်ခံထိတာ "
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl