ဖုန်း လာ နေသံ ကို ရေချိုးခန်းထဲမှ ကြားလိုက်ရသည် ။
ကို ဇွဲ ရှိနေတာပဲ ဟု သိ၍
စိမ်ပြေနပြေ ရေဆက်ချိုး.နေလိုက်သည် ။ရေချိုး ခန်းထဲ က ထွက်လာတော့ ကိုဇွဲ က
အကြည့် တစ်မျိုး နဲ့ ကြည့် နေ၏။ ကိုယ့် ကိုယ်ကို
မလုံ မလဲ ဖြစ်ကာ ဟိုငုံ့ ကြည့် ဒီငုံ့ ကြည့် လုပ်ပြီးမှ" ဘာဖြစ်လို့ လဲ ကိုဇွဲ ဘာမှားနေလို့လဲ "
ပြောလိုက်ကာ မှ မျက်နှာ ပြန်လွှဲသွား ပြန် သည် ။
သူ့ကြည့် ရတာ တစ်ခုခု ကို မပြော ချင် ဘဲ
စိတ်ပျက်သလိုပုံပေါ်နေ၏ ။" ဘာမှမဟုတ်ဘူး အဝတ်အစား မြန်မြန်သွား ဝတ်
ခနနေရင် တစ်ယောက် ယောက် ရောက်လာလိမ့်မယ်"" ဟင် ဘယ်သူ "
ရေစက်တွေ တွဲလဲ ခို နေသေးတဲ့ အပေါ်ပိုင်း ဗလာကျင်း
ခန္ဓာ ကိုယ် က အောက်မှာရေလဲ လုံ ချည်သာ ဝတ်ထား
တော့ ဇွဲတမန် ဆက်မကြည့်နိုင်တော့
အဝတ်အစား မြန်မြန်
ဝတ်ဖို့ကိုသာ တိုက်တွန်း ပြီး အထဲကို တွန်းလွှတ်
တော့ ၏။" သွားမှာပါဗျ ဘယ်လို ဖြစ်နေတာလဲ ကိုဇွဲရ "
ဒေါက်
"အ "
ဒေါက်ကနဲ ရောက်လာတဲ့ လက်က နွေဦးခေါင်းကို
ခေါက်ပြီး နေပြီ ။
နာသွားသော ခေါင်းကို ပွတ်ချေ နေတဲ့ နွေဦး ကို
ဇွဲတမန် က ခပ် ရွဲ့ ရွဲ့ ကြည့်ကာ" လူကြီးကို ပြန် ပြော နေတယ်အလိုလိုက်ပြီး ပြုစု
ထား တော့ ရောင့် တက်နေတယ်ပေါ့ လေ "" အာ ကိုဇွဲ ကို အရင်ကရော အခု ရော ကြောက်
ပါတယ်ဗျာ မရောင့်တက်ပါဘူး "ဇွဲတမန် က တံခါး.ဘောင်ကို လက်ပိုက်ပြီးမှီလိုက်ကာ
ဟွန့် ကနဲမဲ့ ၏ ။" ကိုယ်က မင်းလူကြီးလို မင်းဆိုးတာကို ပြုံးကြည့် ပြီး
ခေါင်း ကဆံပင်လေး ကို ခပ်ဖွဖွ ပွတ်ပေးနေမှာ
မဟုတ်ဘူး နော် "
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl