ဖုံးကွယ်ဆဲငါ့နှလုံးသား
မင်းမမြင်ပါလား
အဝေးကို ကြည့်ဆဲလား
အချစ်က မင်းအနားမှာပါ^^^^^^^^^^^^^^^^
မုန်းခန့်ထည်တို့ ဆေး ၁ မှာ
ဆရာကန်တော့ပွဲ အတွက် အလုပ်ရှုပ်နေရသည် ။
နောက်ဆုံး part 2ဖြေ ခါနီး
ဆရာကန်တော့ပွဲ ပြုလုပ်ခြင်း ။နောက်ဆုံးနှစ်ကျောင်းသားတွေရဲ့ ဆရာကန်တော့ပွဲ ။
ECနဲ့အတူတူ မုန်းခန့်ထည်တို့ က အခမ်းအနားပြင်ရသည်။
ဖျော်ဖြေရေး အပိုင်း တွေလည်း စီစဉ်ရနဲ့
မအားရ ။ အခုမှ စီစဉ်ခြင်းတော့မဟုတ်။
လွန်ခဲ့သောတစ်လ လောက်ကတည်းက
ကြိုတင် အလှူငွေကောက်တာတွေ
အလှူပစ္စည်းဝယ်တာတွေ
သီချင်းတိုက်တာတွေ က
စီစဉ်ထားပြီးသား.။အစားအသောက်ပိုင်းကြတော့ သဲတို့မိန်းကလေးတွေ
က တာဝန်ယူသည်။
သဲ နဲ့လည်းကျောင်းရောက်မှသာ တွေ့ ကြရကာ
တွေ့ ပြန်တော့လည်း စာအကြောင်းဆွေးနွေးရ
အခုလို အလုပ်များနေတာနဲ့
စကားတောင် အေးအေးဆေးဆေး မပြောဖြစ်တာ
ကြာပြီ ။ ကိုယ့်အိမ် ကိုယ့်အဆောင်အသီးသီးပြန်ကြ
ရတော့လည်း အပြင်ထွက်ပြီးလျှောက်လည်ဖို့ဝေးစွ
ဖုန်းတောင်မဆက်ဖြစ် ကြ။
စာမေးပွဲနီးပြီဆိုသော.အကြောင်းပြချက်နဲ့
မဆက်သွယ်ဖြစ်တာများသည်။
သဲ ကစာကို ကျွန်တော့်ထက် ပိုလောဘရှိသည် ။
ပိုကြိုးစားသည်။ မာစတာ ဆက်တက်ချင်တာ သူမရဲ့
ဆန္ဒ။ ထူးချွန်ချင်လွန်းသော သူမ ။
ကျွန်တော်တို့နှစ်ယောက် သမီးရည်းစားဘဝမှာ
သူများတွေလို Roဆန်ဖို့ တွေ ကြင်နာပြဖို့တွေ သိပ်မရှိ။
ကိုယ့်အောင်မြင်မှုလမ်းကြောင်းအတွက်
ကြိုးစားနေမှု နဲ့ သာ အချိန်ကုန်ဆုံး ခဲ့သည်။
ကျွန်တော်တို့ လျှောက်လည်ရင် အနည်းဆုံး
ဘုရား သို့မဟုတ် အင်းလျား ကန်ဘောင်လောက်သာ
သွားတတ်သည်။ကျွန်တော့်ကိုသူမက အနမ်းမပေးတတ်သလို
သူမကို လည်း ကျွန်တော်က လက်ကိုင်ရုံလောက်သာ ။
ဒီထက် မပို ကြ ။ ရင့်ကျက်မှုများနဲ့ အသားကျနေသော
ကျွန်တော်တို့နှစ်ယောက် ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl