သူဌေးလေးက နေမကောင်းသေး၍ ဦးသိန်း မနက်
အစော ကြီး ရောက်လာသည်။ ခြံရှေ့ရောက်တော့
ခြံတံခါးကြီးက ပိတ်လျက်သား ။သူဌေးလေး မနိုးသေးတာ ဖြစ်မည် ။ မနက်အစောကြီး
ပေမို့ အေးကလည်း အေးသနဲ့။ဦးသိန်းမှာ သော့အပိုရှိ
နေတာကြောင့် ခြံတံခါးသော့ဖွင့်ကာခြံထဲသို့ အမြန်
ဝင်လိုက်၏။ အိမ်ရှေ့ရောက်တော့ အိမ်တံခါးက
ပိတ်လျက်သားတွေ့ရသည် ။ အပြင်မှာ ပဲ
ထိုင်စောင့်နေရင်ကောင်းမလား ။ နေမကောင်းသေး
တဲ့ သူဌေးလေးကိုလည်း မနှိုး ချင်တာကြောင့်
ခြံထဲမှာ တံမြက်စည်း လှဲရင်း သွေးပူအောင်
လုပ်နေလိုက်၏။ချောက်!
အိမ်တံခါး ဖွင့်သံကြား၍ လှည့်ကြည့်မိချိန်
ဦးသိန်းတို့ ယနေ့တစ်ခါလည်း ထပ်မံအံသြရပြန်
ပြီ။ အိမ် တံခါး အဝမှာ မြင်ရတဲ့ မျက်နှာ က
ဦးသိန်းထင်သလို သူဌေးလေးတော့မဟုတ် ။
မနေ့က သူဌေးလေးကမဝင်စေနဲ့ဟု တင်းတင်းကြပ်ကြပ်
မှာထားခံရတဲ့ ဒေါက်တာလေး က အိမ်ထဲက
ထွက်လာ ခြင်း။" ဟာ ဦး သိန်း အစောကြီးရောက်နေတာလား "
အိမ်ရှေ့ထွက် အပျင်းလိမ်နေတဲ့ မုန်းခန့်ထည်က
ဦးသိန်းကို တွေ့ တော့ အနားရောက်လာကာ
လာနှုတ်ဆက်၏။ မသိရင် သူ့အိမ်အတိုင်း ။" ဒေါက် တာလေးက ဒီရောက်နေတာလား ဘယ်လို?
" အော် အဟင်း ..အဲ့ဒါ က ဒီလိုပဲဦးသိန်းရ "
လည်ပင်းလေးကို လက်ဖြင့်ပွတ်ကာ ရှက်ရယ်ရယ်
နေပုံရတဲ့ မုန်းခန့်ထည် က ဦးသိန်းမျက်လုံးထဲတော့
မုန်းစရာ မကောင်းနေပါ။ သူဌေးလေးကတော့
ဘာကြောင့်မုန်းနေတယ် မသိ ။" ဦးသိန်း တံမြက်စည်းလှည်း နေတာလား
အဲ့ဒါ ဆိုရင် တစ်လက်စတည်း ခြံထဲက အမှိုက်တွေ
အကုန်လှည်းထုတ်ပေးပါလား တွေ့နေရတာ နံလို့ "
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl