" မုန်း အတန်းချိန်ပြီးရင်ဘယ်သွားစရာရှိလဲ "
" ကိုယ်စာ သွားသင်ရမယ် သဲ ဒါပေမဲ့ ညနေ ၆နာရီမှပါ သဲဘယ်သွားစရာရှိ လို့လဲ "
" မေးကြည့်တာ မုန်းရဲ့ အချိန်အားရင် ဘုရားသွားမလားလို့ မသွားရတာကြာပြီလေ "
သဲစကား ကြားတော့ သဲကိုတကယ်အားနာမိသည် ။
ချစ်သူတွေပေမဲ့ အတူတူ ကြည်နူးရမဲ့အချိန်က ရှား သည်။
ဒါပေမဲ့ သဲကိုအားနာပြုံး လေးသာ ပြုံးပြလိုက်ရကာ" ကိုယ်တနင်္ဂနွေ တစ်ရက်တော့အားတယ်သဲ
အဲ့နေ့ သွားရအောင်နော် "" အင်းပါမုန်းရဲ့ သဲကိုအားမနာနဲ့ ခုတောင်
သဲ ရဲ့ မုန်းလေး.ပင်ပန်းနေပြီ စာလည်းကျက်ရ အလုပ်လည်းလုပ်ရတော့ "အဲလို ကျွန်တော့်ချစ်သူလေးက အလိုက်သိတာ
နားလည်မှုရှိပေးတာ ၊အပြုံး ချိုချိုလေးနဲ့ နှစ်သိမ့်တတ်တာ
ကျွန်တော် သဲကိုပြုံးရင်းငေးနေတော့ သဲက ရှက်ပြုံးလေးပြုံးကာ" ကဲ ကိုယ်တော်ချော အဲ့လောက်မကြည့်နေနဲ့ ကန်တင်းမှာဆိုတာ သတိရဦး "
" သဲ က ကိုယ့်ရဲ့ မဒီဒေဝီလေး ပဲ ကိုယ်တော့ ကံကောင်းတာပဲနေည် သဲကိုအဲလောက် ချစ်ဖို့ကောင်းပြီး လိမ္မာယဉ်ကျေးအောင် မွေးထားပေးတဲ့ ကိုယ့်ယောက္ခမတွေကို ကျေးဇူးတင် တာ တကယ် "
ကျွန်တော့ စကားကိုကြားတော့ သဲ ကရှက်ဝဲဝဲလေး
ပြုံး ကာ" မော်လမြိုင်သားကြီး လည်းစကားတွေ တတ်နေတာကြည့်စမ်း သူ့ကိုယ်သူ ဆယ့်ခြောက်နှစ် ထင်နေသလား
Romance တွေ လုပ်နေတာ ဟင်းဟင်း"" ဟားဟား..."
ကြည်နူးစရာကောင်းသော အချိန်အခိုက်အတန့်လေးပင်
သဲ က ကျွန်တော့ကိုနားလည်မှုအပြည့်ပေးသည်။ စိတ်ဆိုးစိတ်ကောက်တာလည်း သိပ်မရှိ ။ သဲအနား နေရလျှင် ကျွန်တော်စိတ်ချမ်းသာသည် ။ ကျွန်တော်တို့နှစ်ယောက် က
လူအများ အမြင်ကတ်လောက်အောင် မချစ်ပြတတ် ကြ။
တစ်ယောက်ရဲ့ စိတ် ကို တစ်ယောက် နားလည်ရင် ရပြီ ။
စကားနဲ့ ပြောပြစရာ မလို ပေ ။ တစ်ယောက်အချစ်ကို တစ်ယောက် သိသည် ။ စိတ်ချင်း နားလည်ကြသည် ။
ရန်ဖြစ်တာတွေ သဝန်တိုတာတွေ သိပ်မရှိ လို ။
ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် ချစ်သူသက်တမ်း က
၅နှစ်ကျော်မျှ ကြာခဲ့ သည် ။ သဲသည်သာ ကျွန်တော့
မဟေသီ ၊ကျွန်တော်လက်ထပ်ရမည့်သူပင် ။
KAMU SEDANG MEMBACA
အမုန်းအဆုံးသတ်
Romansaအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl