" Baby အရမ်းပိန်သွားတယ် "ဇွဲ တမန် သူ့ပါးအား ကိုင်ထားတဲ့ လက် ကို
ပုတ်ချလိုက်၏။သူက ဘာလာလုပ်တာလဲ ?
အခုချိန်မှ ဘာလာပြန်လုပ်တာလဲ ?
တံခါး ကို ဆောင့် ပိတ် ဖို့ ပြင်လိုက်ပေမဲ့ ထိုလူက
ကိုယ်တစ်ပိုင်း ကို အလျင်အမြန် ဝင်လိုက်ကာ
သူ့ကိုယ်နဲ့ ခံထား လေ၏။သန်မာ တောင့်တင်းလှတဲ့
ကိုယ်ကို တွန်းဖယ် ဖို့ မဖြစ်နိုင်လေ တော့" ထွက်သွား "
ဒေါ သတကြီး အော် ထုတ် နေတဲ့ ဇွဲတမန်ကို
အရေးမစိုက် ။အရှေ့ကိုသာ ပိုတိုး လာ တာ မို့
ဇွဲတမန် သူ့ကို ဆောင့်တွန်း လိုက်၏။သူက အခုချိန်မှ အားလုံး တည်ငြိမ် သွားတဲ့ အချိန်မှ
ဘာလို့ ရောက်လာတာလဲ ?" ခင်ဗျား ထွက် သွား "
့် အိမ်ပြင်ကို တွန်းထုတ် နေတဲ့
ဇွဲတမန်ကို ထိုလူက ဖမ်းဆွဲလိုက်ပြီး လက်တွေကို
ဆွဲချုပ် လိုက်၏။" Baby calm down !I' ll explain you "
" ငါ့ကို babyလို့ မခေါ်နဲ့ "
" ok ok ကိုယ်ရှင်းပြတာ နားထောင် ပေးပါ please "
မြန်မာလို ပြော နေသော အသံ သည် ဝဲ နေပြီး
မပီတပီဖြစ် နေသေး၏။ အာ လုပ်သံ အများစု ပါ
နေပေမဲ့ မြန်မာ လိုတော့ ရေရေလည်လည် ပြော နိုင်
နေသော ထိုသူ သည် ဇွဲတမန်ရဲ့ လက်နှစ်ဖက် ကို
ချုပ်ထား နေရာ မှ မလွှတ်ပေးသေးဘဲ
မြန်မာ စကား ကို တစ်လုံးချင်းစီ ပြော ပြ နေ၏။" ကိုယ်ပြန်လာတော့ မင်းကို လာရှာ သေးတယ်
လေ မှတ်မိလား ညမိုးချုပ်
မင်းဆိုင်မှာ မင်း ကို မန်နေဂျာ က တစ်ဆင့်
ခေါ်ခိုင်းခဲ့တာ but မင်းရောက်မလာခဲ့ဘူး
ကိုယ်မင်းဆိုင်မှာ သောင်းကျန်းခဲ့သေးတယ်
အဲ့ဒါ မင်း ကို တွေ့ ချင် လို့ မင်း အဲ့ဒီညက ရောက်
မလာဘူး.နောက်နေ့ထိ ကိုယ်စောင့်တယ် နောက်တစ်နေ့
တွေရောပဲ မင်း မရှိ ဘူး ကိုယ်မင်းကို အရမ်း တွေ့ 
ချင်နေခဲ့တာပါ "
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl