မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်တယ်လို့
ပြောကြတယ် ...
ကိုယ့် တစ်ယောက် ထဲ ကျ မှ
ပြဒါး သုတ်မထားတဲ့ မှန် ကို မေတ္တာ ထားမိတယ်
.........................." ကိုယ်တို့ ပွဲ တစ်ခု ရှိတယ် Spring "
သီချင်း ဆိုတာ တစ်ချက်နား ချိန် ပြောလာသော
ကိုဇွဲ စကား" ဘာပွဲ လဲ ကိုဇွဲ "
ဇွဲ က စီးကရက် ကို တစ်ချက်ဖွာရှိုက် လိုက်ကာ
မီးခိုး.ငွေ့ တွေကို မှုတ်ထုတ်ပြီး မှ ဆက်ပြော၏ ။" လုပ် မှာက မျှော်စင်ကျွန်းမှာ
ပွဲကတော့ ဆရာဝန်များအသင်း မိတ်ဆုံစားပွဲ ပဲ
ကိုယ်တို့ bandကို သူတို့ငှါးတာ အဆိုတော်နှစ်ယောက် လာလိမ့်မယ် ကိုယ်တို့က တီးပေးရမယ် "" ဒါဆို ကျွန်တော် တို့ မဆိုရဘူး ပေါ့ "
စိတ်ထင့်နေ၍ မေး လိုက်သော်လည်း
" ကိုယ်တို့ ကို သုံးပုဒ်ဆိုခွင့်ပေးတယ်
Spring ဆို ချင်ဆို လို့ရတယ် ဆိုမယ်မလား"" ဟို ... ကျွန်တော် "
တစ်ခုခု ကိုစိုးထိတ်နေသော နွေဦး က
ငြင်းဆန်ဖို့ပြင်လိုက်သော်လည်း" ဆို လိုက်ပါ ကိုယ်တို့bandမှာ အဆိုကောင်းတာ
မင်းပဲရှိတာလေ ကိုယ်နာမည် မပျက်ချင်ဘူး "တောင်းဆိုချက်တစ်ခုကို အမိန့်ဆန်ဆန်ချမှတ်လာသော
စကားကြောင့် ထပ်ပြီး ငြင်းဆန်ရန် မဖြစ် နိုင်တော့
ခေါင်း ပဲ အသာ ညိမ့်ပြမိ၏ ။
သီချင်းရွေးထားဦး ဟု မှာပြီး
စီးကရက်ကိုခြေ ဖနောင့်ဖြင့် ဖိချေ ကာ
ဇွဲ စင်ပေါ် တက်သွား ၏ ။ဆုံနိုင်လောက်မှာ မဟုတ်ပါဘူး ဟု
အားတင်းရင်း အတွေးစ ဖြတ်ကာ
စင်ပေါ် လှမ်းတက်ခဲ့၏ ။^^^^^^^^^^^^
မျှော် စင်ကျွန်း သို့ ချိန်းဆိုတဲ့ အချိန် ထက်
အနည်းငယ်နောက်ကျမှ ရောက်လာသော
နွေဦး ကို ဇွဲတမန် မျက်ထောင့်နီဖြင့် ကြည့်ကာ
ဆူရန် ဟန်ပြင်နေ ၏ ။ သူက ရင်းနှီး တဲ့ လူဖြစ်ပါစေ
အလုပ်နဲ့ပတ်သတ်လာရင် ခွင့် မလွှတ်တတ်သူ
ဆိုတော့ ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl