မတ်တပ်အတန်ကြာရပ်နေရသောကြောင့် ညောင်းကိုက် လာသောခြေသလုံး ကို အနည်းင ယ်ထုကာခုံတန်း ပေါ်သို့ သွားထိုင်နေလိုက်၏။ စိတ်၏လောဆော်မှုကြောင့် သူ့ အချိန်နဲ့ သူမှန်မှန်ဆိုက်နေမြဲဖြစ်သော လေယာဉ်ကို တမျှော်တခေါ် ထပ်ကြည့်နေပြန်သည်။ စောင့်နေရသည်ထင့် ။ကြန့်ကြာနေ သည်ဟုပင် ထင်နေမိသည်။
" မေမေ ကြာလိုက်တာနော် လေယဉ်ကြီးက "
" လာမှာပေါ့သားရယ် ခရီးသွားနေတဲ့ လူကို ကြာလိုက်တာလို့ပြောမကောင်းဘူး "
"ဖေဖေ့ ကို မြန်မြန် တွေ့ ချင်လိုက်တာ "
နွေဦး သူ့ဘေးတစ်ခုံကျော်မှာထိုင်နေသော သားအမိနှစ်ယောက်ရဲ့ စကား ကို နားမထောင်ပေမဲ့ ကြားနေရသောကြောင့် ပြုံး မိ၏၊ စောင့်နေရသည့်လူတွေ အတွက်တော့ တစ်မိနစ်လေးကပင်ကြန့်ကြာသယောင်ထင်ရလေသည်။ ခရီးသွားနေတဲ့ လူတွေကိုဘယ်အချိန်ပြန်ရောက်လေမလဲဟု မျှော်နေရသည်က မကောင်းပါတဲ့ ။နမိတ်မကော င်းဖြစ်တတ်သည်တဲ့ ။ဒါဆိုရင်ချန်ရစ်ထားခဲ့တဲ့လူတွေ ကရော နောက်ကြောင်းအေးအေးနဲ့ ထားခဲ့ ရက်တာလား ။အတွေးတွေက အတိတ် တွေ ဆီ နောက်ကြောင်း ပြန်လှည့်နေပြန်သည်။
လွန်ခဲ့သောသုံးနှစ်က အဖြစ်အပျက်များဆီ ကောက်သင်းကောက်သလို အတွေးတွေက တစ်ခုချင်းစီကောက်သိမ်းသွားမိ၏။လွန်လေခဲ့သောနှစ်တွေတုန်းက အဖြစ်အပျက်တော်တော်များများဖြစ်ပျက်သွားခဲ့သည်။ မမျှော်လင့်သောအဖြစ်များဖြစ်ခဲ့ ရသလို မျှော်လင့်ခဲ့သော အဖြစ်များမဖြစ်ခဲ့ ရတာလည်းရှိခဲ့၏။" မသွားလို့မရဘူးလား "
ဆူဆောင့်ဆောင့်အမေးတစ်ခုက ဖွင့်ထားသောသီချင်းသံ ကို ကျော်လွန်ပြီးထွက်လာလေ၏။တိုက်ခန်းထဲမှာမို့လုံ့နေသောအသံကဟိန်းပြိးထွက်လာသည်။လေသံကိုကြားရရုံဖြင့်စိတ်အခြေအနေမည်မျှလောက်ရှိမည်လည်းခန့်မှန်း၍ရလေသည်။ကိုယ်ချစ်သောသူကိုဝေးဝေးထား၍မနေလိုသော စိတ်ဆန္ဒ ကထိုအမေးစကားတစ်ခွန်းမှာပေါ်လွင်လို့နေသည်။ မုန်းခန့်ထည်ရဲ့ သက်ပြင်းချသံသဲ့သဲ့ကဖွင့်ထားသောသိချင်းသံကိုတော့ကျော်လွန်၍မထွက်နိုင်လောက်အောင်တိုးညှင်းနေလေသည်။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl