လင်းထိန်သော လမင်းကြီးရှိရက် နဲ့
ကြယ်လေးရဲ့ အလင်းရောင် သာ
ကိုယ်လိုချင်မိ .^^^^^^^^^^^^^^^
" မုန်းခန့်ထည်ရေ ဧည့်သည် ဟေ့ "
" လာပြီ လာပြီ "
ရေချိုးပြီး စ အကျီ င်္တောင်မဝတ်ရသေး ။
ရရာ အကျီ င်္ ကောက်စွပ်ကာ
အမြန်ပြေးသွားကြည့်သည် ။.
ထူးထူးဆန်းဆန်း ဘယ်သူများလဲ ပေါ့ ။
အဆောင်ရဲ့ ဧည့်ခန်း မှာ ကျောပေးပြီးထိုင်နေသူ
က ဘယ်သူများလဲ ။ ရဲမင်းဆိုလည်း အသံပေးပြီးလာ
မှာမဟုတ် ။ဒီအဆောင်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့အတွက်
ဝင်လာမှာပဲ ။ သဲ လည်း မဟုတ် ။
ယောကျာ်းလေးအဆောင်ဖြစ်တဲ့အတွက်
သဲ က ဘယ်တော့မှ မလာ ။
နောက်ကျောကို မြင်ရတာတော့ အနည်းငယ်
ရင်းနှီးနေသော လူမျိုး ။" ဘယ်သူများလဲ "
နောက်လှည့်ကြည့်လိုက်တဲ့ မျက်နှာကြောင့်
မျက်လုံးနှစ်ဆ ပြူးထွက်ရ သည် ။
" နွေဦး ဘယ်က ဘယ်လို "" ဟဲဟဲ အိမ်မှာနေရတာပျင်းလို့ Sirဆီလာတာ "
" ဘယ်လို "
ဒီကောင်လေး ဟိုတစ်နေ့က အဆောင်လိပ်စာ
မေးနေသေးသည်။ ဒီလိုရောက်လာမယ်လို့တော့
မထင်ခဲ့ ။" Sir ကျွန်တော်ဒီမှာ စာကျက်လို့ရလား စာမေးပွဲ က
နီးပြီလေ"" ဟမ် "
ကျွန်တော့ အံ့သြပြီးရင်းအံ့ သြ ရ ။" Sir အခန်းဘယ်မှာ လဲ "
ပြောရင်း ထရပ်လိုက်ကာ ကျွန်တော့အခန်းကို မေးနေသေးသည် ။ အခုမှကြည့်မိတယ် သူက လွယ်အိတ်နဲ့
အကျအန စာလာကျက်တဲ့ပုံ ။
လာတဲ့ လူက စာကျက်ဖို့လို့ပြောတော့
မောင်းထုတ်ရခက် ခေါ် ဖို့ကလည်း
အဆောင်ဆိုတော့ သိတဲ့အတိုင်း
နှစ်ယောက်တစ်ခန်း နေရတာ ကျပ်က ကျပ်နဲ့ ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl