နေ ပူပူ ထဲ မို့ ထီး ကလည်း မပါခဲ့တော့
အရိပ်ရသော နေရာကို အပြေး.လှမ်းရ သည် ။
ဆေးရုံကြီး ဝင်း ထဲ ဝင် တော့ မှ အနည်းငယ် သက်သာ
ရာ ရတော့၏ ။ အနောက် ဘက် ဆီက တစ်စုံ တစ်ခု
အသိ ကြောင့် ဖျက်ခနဲ လှည့် ကြည့်တော့
တစ်ခုခု ဖြတ်သွားသလို ဖြစ်သွား တာကြောင့်
ဟို ဟိုဒီဒီလိုက်ကြည့် မိသည်။ဆေးရုံ ဝင်း ရဲ့ အထဲ ရောက်နေပြီး မှ အပြင် ပြန် ထွက်
ကြည့် ဖို့ ပြင် နေသော မုန်းခန့်ထည်
တစ်နေရာ ဆီ အကြည့် ရောက် တော့
ရုတ်တရက် ရပ် တန့်သွား ၏ ။" သဲ "
နှုတ်ခမ်းဖျား မှ ခပ်တိုးတိုး ထွက် ကျလာ သော
အမည် နာမ ပိုင်ရှင် သည် မုန်း ခန့်ထည်ဆီ တည့်တည့်
လျှောက်လှမ်းလာ၏ ။" သဲ "
နောက်ထပ်တစ်ဖန် ခပ်ကျယ်ကျယ်ခေါ်မိတော့
အေးချမ်း တဲ့အပြုံး ကို ဖန်ဆင်း ကာ
အနားရောက်လာ၏ ။
မုန်း ခန့်ထည်မှာသာ အိုးတို့ အမ်းတမ်း.ဖြစ်နေကာ
တမြန်နေ့က အကြောင်းကို သတိရပြီး
မျက်နှာပူလာ၏ ။ ပိုဆိုးလာသည်က
သဲ ပြောလိုက်တဲ့ စကား ကြောင့်
ထိတ်လန့်သွား မိ၏ ။" ခုနက ပဲ နွေဦးပြန်သွားတာ တွေ့ လိုက်တယ်
မုန်းကို လာတွေ့ တာလား "" ဘယ်လို ကိုယ်လည်း မသိ ဘူး သဲ သူလာသွားလို့လား "
" အင်း အခုလေးတင်ပြန်သွား တာတွေ့ လိုက်တာ
သဲ စိတ်ထင် မုန်း နဲ့ တွေ့ လာတာလား လို့
မုန်း က မသိဘူးဆိုတော.့......့ ဒါဆို ...."သဲ က ပြောလက်စ ကို ရပ် ကာ မုန်း ကို တည့် တည့်
ကြည့်နေ၏ ။ မုန်းခန့်ထည် နေမတတ်တော့
အနေကျုံ့  လာသလို ခံစား မိ လာ၏ ။
အပြစ် တစ်ခု ခု လုပ်ထား ပြီး လိပ်ပြာ မလုံသလို
ခံ စား လာမိ၏ ။ နွေဦး က သူ့ဆီ ဘာလာလုပ်တာလဲ
ဒါဆို ခုနက ရိပ်ကနဲတွေ့ လိုက်တာ နွေ ဦး လား ?ကြောင်ငေးစွာရပ် နေသော မုန်း ခန့်ထည်ကို
သဲ ပုခုံး ပုတ် ခေါ် လိုက် ပြီး
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl