"42"

10.2K 645 30
                                    


ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ ​လေဆိပ်​ထဲသို့
ခြေချလာ​သော အမဲ​ရောင်​ half shoeနဲ့
လိုက်​ဖက်​လှ​သော ​ခြေ​ထောက်​ဖြူဖြူတစ်​စုံ ။

ဖြေး​ဖြေးမှန်​မှန်​လှမ်းလာတဲ့ ​ခြေအစုံကို လမ်းတစ်
ဝက်​မှာရပ်​တန့်​ကာ ​လေကိုအဆုတ်​ထဲထိ ​ရောက်
အောင်​ ရှုရိုက်​လိုက်​၏။

ဒီနိုင်​ငံနဲ့ ​ဝေး ကွာ​နေတာ ​လေးနှစ်​တာမျှ
ကြာမြင့်​ခြဲ့ပီ ။ ကိုယ့်​ဇာတိ ​မြေရဲ့​လေထုပဲပို၍
သန့်​စင်​​နေသ​ယောင်​ အချိန်​အကြာကြီးရပ်​တန့်​ကာ
မျက်​လုံးစုံမှိတ်​၍ အသက်​ကိုတစ်​ဝကြီးရှူ ​နေပုံက
ယခုမှ ​လေကင်းမဲ့ဇုန်​ကပြန်​လာရတဲ့သူလို။

ဒူး တစ်​ဝက်​အထိ ဖုံး​နေတဲ့​လောင်းကုတ်​အရှည်​နဲ့
အောက်​က ဂျင်းပန်​အနက်​ က​ လူကြီးဆန်​​နေ​ပေမဲ့
အသက်​၂၃နှစ်​အရွယ်​​ယောကျာ်းပျို ​လေး အတွက်​​တော့
အခြားလူ​တွေအမြင်​မှာ လူကြီးပုံစံဖမ်းထား​သော
လူပျို​လေးတစ်​​ယောင်​အသွင်​ ။

" ကိုကြီး "

"ကျစ်​ !"

မျက်​ခုံး​ကြောများတွန့်​ရှုံ့သွား​အောင်​တွန့်​ချိုး ရ​လောက်
တဲ့ ​ခေါ်သံပိုင်​ရှင်​ကို လှည့်​မကြည့်​ဘဲ ​နွေဦး
သိသည်​။

" ကိုကြီး "

ဆက်​ပြီး ခုနှစ်​သံချီ ​အော်​ဟစ်​လာ​တော့ မကြည့်​ဘဲ
မရ​တော့။ ​လေဆိပ်​မှာ က လူ​တွေအမျာကြီး ။
သင်းမရှက်​လည်း ကျွန်​​တော်​ရှက်​သည်​။

မျက်​နှာကို စူပုပ်​ထားရက်​နဲ့လှည့်​ကြည့်​ ​တော့
ကြိုဆိုပါ၏ banner ​လေးကိုင်​ကာ
ပြေးလာ​နေ​သောသူမ ။

" ဝါး ကိုကြီးက ​ချောလာလိုက်​တာ ကိုကြီးကို
လွမ်း​နေတာပါဆို "

အနားကို​ရောက်​လာတာနဲ့လက်​​မောင်းကို ​ပြေးချိတ်
ပြီး တွဲလွဲခိုစီး​နေ​ပြန်​တယ်​။ စိတ်​ကုန်​တာ ဒါ​တွေ​ကြောင့်​။

" ဘာလာလုပ်​တာလဲ "

ခပ်​​ငေါက်​​ငေါက်​​ပြောကာ လက်​ကို ဆွဲဖယ်​လိုက်​​ပေမဲ့
အမှတ်​မရှိချက်​ချင်း အနား​ရောက်​ လာပြန်​၏။
ဒီတစ်​ခါ​တော့ ​နွေဦး ဆွဲ​ဖယ်​လို့မရ​အောင်
သူမရဲ့ လက်​ နှစ်​ဖက်​လုံး ကို ဆွဲချိတ်​ကာ ​နွေဦး
လက်​​မောင်းကို အတင်းဖက်​ထား၏။
ဒီမှာကြာ​ကြာ​နေရင်​ဒီပုံအတိုင်းဆက်​ရှိ ​နေမှာမို့
သူမကားရှိ​နေမည့်​​နေရာကို မြန်​မြန်​သွားကာ
သူမကို​ရော အထုပ်​​တွေပါ ကားထဲ ထည့်​လိုက်​၏။
မောင်းသူ​နေရာမှာထိုင်​ပြီး ​မောင်း ထွက်​ဖို့ လုပ်
နေတာ​တောင်​ လက်​ကိုမရမက လာချိတ်​ ​နေ​သေးတယ်​။

အမုန်းအဆုံးသတ်​Where stories live. Discover now