ဆေးရုံ ကုတင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်း
နေသော ကောင်လေး တစ်ယောက်
ကုတင်ဘေးမှာ ကောင်လေး သတိရလာနိုး နိုးနဲ့
မမှိန် မသုတ် စိုက်ကြည့် နေသော
ကောင်လေး တစ်ယောက်
ကုတင်ဘေးကကောင်လေး မှာ မျက်နှာ အနည်းငယ်ချောင်
နေပေမဲ့ စိုးရိမ် ပူပန် နေစိတ်က
မျက်နှာ မှာ အထင်းသား ပေါ်လွင်နေ၏ ။
တစ်ညလုံး မအိပ်ထားရတဲ့ ပုံ ပေမဲ့
အိပ်ချင်စိတ်ရှိ နေပုံမပေါ် ချေ ...နွေဦးကို ဆေးရုံ ကြီးရဲ့အရေးပေါ် ခန်း မှာ ပဲ ထား ရသည်။
ညတွင်းချင်း အရေးပေါ်ရောက်လာပြီး
ဆေးရုံတစ်ခုလုံးကို နိုးကြားသွားစေ သော
ဇွဲ တမန် က နွေဦးကို ပွေ့ ချီ လျက်
နပ်စ် မ တွေ ရော ဆရာဝန်များ.ပါမကျန်
အော်ဟစ်အကူအညီ တောင်းခဲ့လေ၏ ။
ဇွဲတမန် လက်ပေါ်က နွေဦး ကတော့
ထိုအဖြစ်အပျက်များ ကို မသိနိုင်ချေ ။သတိလစ်မေ့မျော သွား.သည်မှာ မနက်
လင်းတဲ့ ချိန် ထိ သတိ မရ သေးတော့
ဇွဲတမန် စိတ်ပူလာ ၏ ။
ထို့ကြောင့် တာဝန်ကျ ဆရာမ ကို အမြန်
သွားပြေး ခေါ် ပြန် သည် ။တစ်ညလုံး လည်း တာဝန်ကျ ဆရာဝန်တွေ ဆရာမတွေ
တစ်ယောက်မှ မနေရ ။
သတိမရနိုင်သေးသ၍ ခေါ်ကာ ကြည့်ခိုင်း နေခဲ့၏ ။
ထိုမျှလောက် ပူပန်စွာ ဇွဲတမန် ယောက်ယက်ခတ်နေသော်လည်း နွေဦးမှာ တစ်ချက်မှ မနိုးလာသေးချေ ။ရိုက်ခံထိထားခဲ့သော အရှိန်နဲ့လား
ကြောက်ရွံ မှုတွေကြောင့်လား
အခုချိန် ထိ သတိမရနိုင်သေးတာ ကွာ ..တော်သေးသည်က ခေါင်း ကို မထိခဲ့ ခြင်းဖြစ်သည် ။
ဆရာဝန်တွေက ဓာတ်မှန်ရိုက် စစ်ဆေးပေးတာ
လုပ်ပြီး ဆေးသွင်း ပေးထား သော်လည်း.သတိမရ
လာသေး ...ဓာတ်မှန် ရ တော့ ဆရာဝန် တွေပြောတာက
အရိုးတွေ မထိ သွား ပေမဲ့ လက် ဖမိုး.နားက
အရိုး က စောင့် ကြည့် ရမည်တဲ့ ။...
အဖြေတော့မထွက်လာသေးပေမဲ့
ဇွဲ တမန်စိတ်ပူရသည် ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl