သက်ပြင်း တရှိုက်
မျက်တောင် တခတ်အတွင်း မှာ
သူ့ကို ရင်ခုန်မိတယ်ဆိုရင်
ကျွန်တော့ကို ရူးတယ်လို့ ခေါ်မလား
သေချာတယ် ကျွန်တော် ရူး နေတာ.................................................
🎤သူစိမ်းလိုလည်း မနေချင်ဘူး
ဒါပေမဲ့ ချစ်သူငါမဟုတ်ဘူး 🎤
🎼အဝေးမှာလည်း မနေချင်ဘူး
ဒါပေမဲ့ မင်းနဲ့ငါမနီးဘူး 🎼
🎵 သူငယ်ချင်းလေး တစ်ယောက်လို နေဖို့
လွယ်လွယ်လေးနဲ့ဖြတ်ခဲ့ လို့ရေအိုင်ထဲက လရိပ်ချို 🎵ပျင်းပျင်းရှိနဲ့ Sir .မုန်းကိုလည်း စောင့်ရင်း ဂီတာတီး ပြီး
သီချင်း ဆိုနေမိသည် ။
နှုတ်ဖျား က အလိုလိုထွက်လာ တဲ့ စိုင်းစိုင်းရဲ့
လရိပ်ချို သီချင်း ကြောင့် လည်း အံ့ သြရသည် ။
ခုတလော ရင်ထဲမှာ ဘယ်လို ဖြစ်နေမယ်မသိ ။
စဉ်းတောင် မစဉ်းစား ခဲ့ဖူးသော ရင်ခုန် တယ်ဆိုတဲ့ အရာကြီး က နွေဦးကို နှောင့်ယှက် နေသည်မှာ ရက်သတ္တပတ်အနည်းငယ် လောက်ရှိပြီ ။ လူကသူ့ကိုတွေ့ ရင် ရင်ဘက်ထဲစည်တီး နေသလိုလို ဆယ်ရက်ထမင်းမစားရသေးတဲ့လူလို ခြေတွေ လက်တွေတုန် ချင်လာ ရော။
အဲ့ ခံစား ချက်ကြီးကို သိပ်သဘောမကျ လှ ။ နွေဦး ရဲ့ ဘဝမှာ သူငယ်ချင်းတွေနှင့် ဂီတာရယ် ဂိမ်းရယ်ပဲရှိသည် ။
ချစ်ဖို့ဆို တာ ဘယ်တုန်း ကမှ မစဉ်းစား ခဲ့ ။ အနှောင်အဖွဲ့ တွေ ကို မုန်းလွန်း လို့ ။အဲ့ ခံစား ချက်ကြီး မေ့ပျောက်အောင် ဂီတာတီး သီချင်း
ဆိုကာမှ ဆိုမိတဲ့သိချင်း က လရိပ်ချို။"ကျစ်"
တစ်ယောက်ထဲ စိတ်ပျက် လက်ပျက်ဖြစ်နေတုန်း
အိမ်ရှေ့ တံခါး ဝမှာ Sir .မုန်း ပေါ်လာသည် ။
Sir.မုန်း က ကျွန်တော့ကို ပြုံး ပြနေလေရဲ့ ။
ကျွန်တော့ကိုတွေ့ တိုင်း မျက်မှောင်ကြီး. ကျုံ့  ထား
တတ်တဲ့ လူ က ပြုံး.ပြနေသည်ဆိုတော့ ကျွန်တော်
စက္ကန့် အနည်း ငယ်လောက် ငေးကြည့် နေမိသည် ။
သူက တည်နေရင် ယောကျာ်း ပီသ နေပေမဲ့ ပြုံး လိုက်တော့ လည်း အတော်ကြည့်ကောင်း သည်ပင်။
မျက်ခုံး ထူတန်းတန်း နှစ်ဖက်နှင့်  နှာတံ စင်း ကာ
နှုတ်ခမ်း ပါး လေးနှင့် အတော်ကြည့်ကောင်းသည် ။
ပြုံး လိုက်မှ ပါးချိုင့် မဟုတ်ပါဘဲ မေးစိ အထက် နှုတ်ခမ်းနား မှာ အချိုင့် နှစ်ခု ပေါ်လာသည် ။ ထိုသည်က ပဲ ထိုလူ ကို ပို၍ နှစ်လိုဖွယ်ကောင်းသွား.စေ သည် ။
အသား က ကျွန်တော့လို မဖြူ ဘဲ ဝင်း နှစ်နေသည် ။
ကျွန်တော်က တရုတ်စပ်သည်မို့ ဖြူ လွန်း.သည့် ဘက် ကို
ရောက်သည် ။ ခန္ဓာကိုယ် အချိုး အစား က ပိန်လည်း မပိန်
ဝလည်း မဝ ဘဲ ရင်အုပ် ကျယ်ကျယ် နှင့် ကြည့် လို့ကောင်းနေသည် ။ ကျွန်တော့်  မှာ သာ နဂို က ပိန် ရသည့် အထဲ သူ့ထက် ကို သုံး လက်မ လောက် ပုချင်နေသေးသည် ။
သူ့ အပြုံး ကို ငေးကြည့်နေရင်း ကျွန်တော် ရင်ခုန် နေသော ကျွန်တော့ ကြယ်လေး ကို သတိရ မိလိုက်သည် ။
ကြယ်လေး မှာလည်း အဲ့လို တောက်ပ တဲ့ အပြုံး.တွေ
ရှိ နေမှာ လား ။ အဲ့ လို နှုတ်ခမ်း ပါး လေး တွေ နဲ့ ကြယ်လေးပြုံး လိုက်ရင် ကျွန်တော် ခံနိုင်ရည် ရှိ မှာ မဟုတ် ။
ကြယ်လေး က ပြုံး ရင် ပို လှမည် ပေမဲ့ ဘယ်တော့မှ ကျွန်တော့ ရှေ့ မှာ မပြုံး ။ ကြယ်လေး ကို အမြဲတမ်း ပြုံး နေစေ ချင်သည် ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl