မီးရောင်စုံ များနဲ့ မြက်ခင်းစိမ်းများက ပနံရစွာ
ခင်းကျင်းထားသော ခုံများက အစီ အရီ
မဟူရာည အလယ် မှာ ပြိုးပြက် လင်းလက်နေသော
ပွဲ အခမ်းအနားတစ်ခု
တစ်နည်းပြောရရင် နွေဦးရဲ့ စာမေးပွဲ အောင် အထိမ်း
အမှတ်နဲ့ မွေးနေ့ ပွဲ ..နွေဦးက ပွဲ မလုပ်ချင်ပေမဲ့
အဖေတို့အမေတို့ စိတ်ချမ်းသာစေချင်၍ လုပ်ခွင့်ပြုထား
ခြင်း.ပါ....ထို အခမ်းအနားမှာ စိတ်စော စွာခပ်ဝေးဝေးကို မျှော်
ကြည့် နေသူတစ်ဦး ...
ထိုသူက အခြားမဟုတ် မွေးနေ့ရှင်တစ်ဖြစ်လဲ
မောင်နွေဦးမိုး ..
ဖိတ်ထားသော တစ်ဦးတည်းသောသူ မရောက်သေး၍
မျှော်နေခြင်း ပါ .....
တခြားသူတော့မဟုတ် မုန်းခန်ု့ထည်ကို မျှော်နေတာပါပွဲ စပြီး တစ်နာရီလောက်ကြာသည်အထိ
ရောက်မလာ သေး၍ စိတ်ထဲထင့် နေ၏ ။
ဟို တစ်ည က ဆေးရုံမှာဖြစ်သွားတဲ့ ကိစ္စနဲ့
ကိုမုန်း နွေဦးကို ရှောင်နေသည် ကို နွေဦးသိသည် ။ဖုန်းဆက်ရင်လည်းဖုန်းမကိုင်။ ဆေးရုံကိုသွားတွေ့ တော့
လည်း အရိပ်အယောင်မမြင်ရ ။
အခုပွဲကိုတောင် မမ သဲ ကို ဖုန်းဆက်ပြီး ဖိတ်လိုက်
ရသည်။ စုံတွဲလေးတက်ပေးပါလို့ မှာ လိုက်ရသေး၏။မျက်နှာလေးကို မြင်ချင်တော့လည်း မဖြစ်ဖြစ်တဲ့
နည်းလမ်းကိုစဉ်းစား ပြီး မျက်နှာပြောင်တိုက် စွာ
ချစ်သောသူရဲ့ ချစ်ဦးသူကို သွားပြောရတဲ့ အဖြစ် ပါ ။ခြံဝမှာ ကားတစ်စီးဆိုက်လာတော့ မျက်စိ က
အသည်းအသန် ပြေးလွှားကြည့်မိသည် ။
ဆလွန်းကား အဖြူ လေးက ခြံ ထဲကို လှိမ့်ပြီး
ဝင်လာ ကာ ဆင်ဝင်အောက်မှာ ရပ်လိုက်၏ ။
ကားပေါ်က ဆင်းလာ တဲ့ သူကို
ရင်တထိတ်ထိတ်နဲ့ မျက်တောင်မခတ်တမ်း
ငေးကြည့် နေရ၏ ။ အသက်တောင်ဝဝ မရှူ ရဲဘဲ
ဆင်းလာမဲ့ ခြေ အစုံကို မျှော်ငေးနေရ၏ ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl