မနေ့က ခဏလေးပဲ ဟုဆိုကာ အပြင်ထွက်သွား
သော Spring သည် မိုးချုပ် သည် အထိ
ပြန် မရောက်လာခဲ့ ။
မနက် အစော ကြီး မလင်း မချင်း အချိန် တွင်မှ
ခွေယိုင်လဲ ကျတော့မည့်လူလို ပြန်ရောက်လာခဲ့သည်။တံခါး ဝမှာ တင် ပစ်လဲ ကျကာနီး အထိ ဖြစ်နေသော
Spring သည် အိမ်ထဲသို့ခြေ တစ်လှမ်းလှမ်းဖို့
တောင် အားမရှိတော့ သလို ဖြစ်နေတာ တောင်
အိမ်ကို ဘယ်လိုပုံ ဘယ်လို နည်းနဲ့
ရောက်လာခဲ့သလဲ ။အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသည် က
မြင်မကောင်းစွာ။
မျက်လုံးများ မို့အစ်ပြည့်ဖောင်းနေသည် က
ငို ထားသည်ကို သက်သေပြနေ၏။မနေ့က Spring မိုးချုပ် သည်အထိ ပြန်မလာ
သေးတော့ နွေဦး ဆီ် ညနေကဖုန်းဆက် လာခဲ့တဲ့
သဲ ဆိုသော ဆရာဝန် မလေးထံ
ဖုန်း ပြန်ဆက်ကြည့် တော့
အကျိုးအကြောင်းအနည်းငယ် သိခဲ့ရသည် ။
သူမ အကူအညီတောင်းလိုက်၍ Spring
သည် မုန်းခန့်ထည် ဆီ သွားခဲ့ ခြင်းသာ ။မနေ့က အကောင်းပကတိ ထွက်သွားသော
ကောင်လေးက ဒီ နေ့ မနက် မှာ
ဒီလိုပြိုပျက်နေတဲ့ ပုံနဲ့ပြန်ရောက်လာကတည်းက
မုန်းခန့်ထည်နဲ့ တစ်ခုခုဖြစ်ခဲ့ပြီဆိုတာ
ဇွဲတမန်သိ လိုက်ပြီ ။ဘာဖြစ်လာတာလဲ ၊ဘာ ဖြစ်ခဲ့တာလဲ မေးနေတဲ့
သူ့ကို အရေးမစိုက်နိုင်အား။
အိမ်ထဲသို့ ယိုင်နဲ့ နေတဲ့ ခြေ လှမ်းနဲ့ လှမ်းဝင်လာတယ်။ ခြေ လှမ်းနှစ်လှမ်းပင် မပြည့်သေး ။
အရှေ့ကို ဘုန်းကနဲပစ်လဲ ကျမလို
ဖြစ် သွားတာမို့ ဇွဲတမန် ဖမ်းထိန်း လိုက်ရ၏။
ချိုင်း ကနေ အသာ တွဲ ကာ ဆိုဖာ ပေါ်မှာ
ထိုင်စေသည်အထိ ခံစား ချက်ကင်းမဲ့နေသော
မျက်နှာ သေ ဖြင့် ။ဇွဲတမန် စိတ်ပူလောင်လာ ကာ နွေဦး ပုခုံး ကို
ပုတ်ကာ ပုတ်ကာဖြင့် အသည်း အသန် မေးတော့၏။" Spring ဘာဖြစ်ခဲ့တာ လဲ ကိုယ့် ကို ပြောပြ
မင်း ကို ဟိုဆရာဝန် ဘာလုပ်လိုက်လဲ မင်း မနေ့က
သူ့ဆီသွားတာ ကိုယ်သိတယ် "
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl