ရေ ချိုး ခန်းထဲမှာ အဝတ်လဲဖို့ ပြင်တော့မှ
သတိရ တော့သည် ။
နွေဦးအဝတ်အစားတွေ ဒီမှာမှမရှိနေတာ ..
ခုနကချွတ်လိုက်တဲ့ အကျီ င်္က လည်း
ရေတွေစိုကုန်ပြီ
ဝတ်လို့မရတော့ ..နွေဦးကို ကြည့် လိုက်တော့ လည်း
အပေါ်ပိုင်းဗလာနဲ့ လက်ကလေး နှစ်ဖက် ကို
ပိုက် ကာ ကိုယ်ကို ကျုံ့  လို့
အေးနေတာလား ရှက်နေတာလားဆိုတာ
မသဲကွဲသော်လည်း
မျက်နှာ တစ်ခုလုံး နီနေသည်က
ပန်းသီး ရဲရဲပမာ ....အခု လဲဝတ်ဖို့ အဝတ်အပို မရှိ တော့
အပြင်ကို ဒီတိုင်းထွက်ရမည် ....
ဒီတိုင်းသွားဖို့က သူ့ရှေ့တောင်
ဒီလောက် မျက်နှာရဲအောင်ရှက်နေတာ
လူကြားထဲဆို ပိုဆိုး နေလိမ့်မည် ..ဒါကြောင့် မထူးတော့သည်မို့
မုန်း အပေါ်က ထပ်ဝတ်ထားသော
ရှပ် အကျီ င်္ ကို ချွတ်ပေး ပြီး ဝတ်ပေး လိုက်ရသည် ...ဘယ်လောက်တောင်များပိန်သွားသလဲ ဆိုရင်
မုန်း နဲ့ ကိုယ်တိ အကျီ င်္က နွေဦး နဲ့
Over siteဖြစ်နေ၏ ။ လက်ရှည် က
လက်ဖမိုး တစ်ခုလုံးဖုံးနေကာ
လက်ချောင်းလေးတွေတောင် မမြင်ရတော့တဲ့အထိ
အကျီ င်္ ကပဲ ကြီးမားနေသလား မပြောတတ် ...." ကိုယ့်အကျီ င်္ ခန ဝတ်ပြီး အခန်း ပြန်ရအောင် "
" ဟုတ် "
မျက်နှာ နီရဲ စွာ ခေါင်းငုံ့ ချထားသော ကောင်လေး
ဆီက ဟုတ် တစ်လုံးထဲသာ အဖြေ ပြန်ရ ၏ ။
မုန်း သူ့ အကျီ င်္နဲ့ လုံးဝင် ပြီး ပျောက်နေသော
နွေဦးကို အသည်းယားလာလို့ ထင့် ..
အောက်နှုတ်ခမ်းကို ခပ်ဖိဖိ ကိုက် ထား ပြီး
လက်က နွေဦးရဲ့ ဦးခေါင်းလေးကို ပွတ်ပေးဖို့
လက်အလှမ်း...နွေဦးရဲ့ဦး ခေါင်းလေး ပြန်အမော့ ....
ကြည်လဲ့ဖြူ စင်နေသော မျက်ဝန်းလေးတွေ နှင့်
ကောင်ငယ်ကလေးသည် မုန်းကို
အပြစ်ကင်းစွာ ငေးစိုက်ကြည့် နေ ၏ ။
မျက်ဆံနက်နက် ကလေးတွေ သည်
နေရာ မရွေ့ ဘဲ ငေးစိုက် ကြည့် နေ ပုံက
ညို့ ဓာတ်များပါနေသလို ပင် ..
မျက်ဝန်းထဲက တွင်းနက်ထဲ
ရောက်ရှိသွားသလို ရုန်းထွက်ဖို့ရာ ခက်ခဲနေသေး၏ ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl