" I love you baby "အပြော ခံရတဲ့ ကောင်လေးရဲ့ မျက် ဝန်းလေးတွေ
တောက်ပ လို့ ။
ပါးလေးနှစ်ဖက်က ရဲထ လာ ပြီး မျက်နှာကို
ဟိုးအောက်ဆုံးထိငုံ့ ချလိုက်၏။ တိုးဖျော့တဲ့
လေသံလေးက အောက်ဘက်ကနေအထက်ဘက်
သို့လျှံတက်လာ၏။" Me too "
" Yayy really "
ဝမ်းပန်းတသာ အော်ဟစ်ပြီး Justinသူ့အရှေ့က
ကောင်လေးကို ခါးမှ ပွေ့ ချီကာ မြှောက်ပင့်လိုက်၏။
နှစ်ပတ်သုံးပတ် ဝေ့ယမ်းနေလေတော့ ကောင်လေး
ဆီက မချွဲ နွဲ့ နေပေမဲ့ ကြည်မြတဲ့ ရယ် သံလေး တွေ
ထွက်လာ၏။"ဟားဟား အောက်ချပေးတော့လေ မူးနေပြီ"
ထိုကောင်လေးရဲ့ အပြောကြောင့် Justin
အသာအယာ ပြန်ချပေးလိုက်ပြီး သူ့နဖူးနဲ့
ထိုကောင်လေး နဖူးကိုဆွဲ ထိထားကာငြိမ်သက်နေ
ပြန်၏။" အဲ့လောက် တောင်ပျော် နေလား just "
Justin ကို ထိုကောင်လေးက justလို့ အဖျား
ဆွတ်ခေါ်တာ ဖြစ်သည်။" more more more happy baby "
သွားတက်တစ်ဖက် လက်ကနဲ ပေါ်လောက်အောင်
ပြုံး နေတဲ့ Justကိုကြည့်ကာ ကျွန်တော်လည်း
ပျော်ရပါသည်။ ဒီအချိန်မှာ လူမျိုးခြားတာတွေ
ဘာသာခြားတာတွေ နေထိုင်မှု ပုံစံယဉ်ကျေးမှု
မတူ တာတွေ ကို ခေါင်းထဲ မထည့်ထား ချင်
သေးပါ။ဘာသာတွေ ယဉ်ကျေးမှုတွေ မတူညီခဲ့ပေမဲ့
တူညီတာတစ်ခုက ယောက်ျားလေး ဆိုသောဖြစ်တည်
ခြင်းပင်။ ရယ်စရာတော့ကောင်းလှသည်။
အရေးမပါတာ တွေ ခြားနားပြီး အရေးပါသော
အချက်မှာ လာတူနေတာက တော့ တစ်ခုခုကို
အပြစ်တင်ရမည်လား ။
ဒါပေမဲ့ Justကို မိန်းမအနေနဲ့ ဆိုရင်ရော ?
သူချစ်နိုင်မှာ မဟုတ်ပါ ။ ဒီအတိုင်း Justဖြစ်နေလို့
ချစ်ခဲ့တာ ။ထိုအချိန်မှာတော့ အပျော်ဆုံး လူသားကို ပြပါဆိုရင်
Justနဲ့ ဇွဲတမန် သာ ဖြစ် ပေလိမ့်မည်။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl