Warning
****************
အိမ်ပြန်ရောက်တဲ့အချိန်မှာ ည ခြောက်နာရီလောက်ရှိပြီ ။" ငယ် လေး လာလာ အေးလာတယ် ထင်တယ်
နှုတ်ခမ်းတွေ တုန်လို့ "မမသက်ထားက နွေဦး ဆီပြေးလာကာ ပဝါဖြင့် ထုပ်ပတ်ပေးထား သည်။
" ကျေးဇူး မမ "
" ညီ လာ ရေနွေးနဲ့လာချိုးလိုက် နွေးသွားရအောင် "
အားလုံးလဲပြု ပြီးစီးသည့် အချိန် မှာ မိုးချုပ်ပြီဖြစ်သည် ။
" ညီ နှစ်သစ်မှာ ဘုရားသွားချင်လား "
" အင်းသွားမယ်လေ "
နှစ်ဆန်းတစ်ရက်နေ့ ညမို့ ဘုရားမှာ လူများလောက်သည်။
ဦးခန္တီ ဘုရား ကို ဆိုင်ကယ်ဖြင့်ပင် သွား ခဲ့ လိုက်သည် ။
ဦးခန္တီ တည်ခဲ့သော ဘုရားများအနက် တစ်ဆူ အပါအဝင်
ဖြစ်သော ဘုရားကြီးကလည်း မော်လမြိုင်မှာတည်ရှိသည်။ဘုရားကြီးရဲ့အနောက်ဘက် ဝရံတာ ဟုဆိုရမည်ဖြစ်သော
ကော်ရစ်တာ မှ မျှော်ကြည့်လျှင် တစ်မြို့လုံးနီးပါးကို
လွှမ်းခြုံ မြင်နိုင် သည် ။ ညနေစောင်းချိန်ဖြစ်သောကြောင့်
အလုံးစုံ ဝင်သွားပြီဖြစ်သော နေလုံးကြီး၏ ရောင်ရှိန်တစ်ချို့သည်သာ ခပ် သဲ့သဲ့ ကျန်ရစ်နေခဲ့သည် ။ဘုရားရင်ပြင်နော်ပေါ်ဝယ်လူ များ အပြည့် ဖြစ်နေသည် ။
တက်လာတဲ့လူနဲ့ ဆင်းသွားတဲ့သူတွေ လူးလာခေါက်တုံ့ဖြစ်နေလေသည် ။ တောင်ပေါ်တန်းမှာ ဘုရား များ
စီတန်းလျက်ရှိတာကြောင့် လူအများက ခွဲ၍ ဖူးလိုက်သလိုရှိ၍ တော်သင့်ရုံသာ လူများ လေသည် ။" ညီ ကိုယ်တို့ ဒီမှာ လှူ သွားကြရအောင် "
" အင်း လှူ လေ "
" ဦးလေး အလှူငွေထည့်ချင်လို့ "
" နာမည်လေးပြောပါ ကလေး"
" မုန်းခန့်ထည် နဲ့နွေဦးမိုး "
ဂေါပက လူကြီးက ခေါင်းတဆတ်ဆတ်ငြိမ့် လျက်
နာမည်ရေးသွင်းနေ၏။
BẠN ĐANG ĐỌC
အမုန်းအဆုံးသတ်
Lãng mạnအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl