ငူငူငိုင်ငိုင် နဲ့ နေမထိထိုင်မသာ ဖြစ်နေတာ
တစ်ပတ်ကြာမြင့်နေပြီ။ အလုပ်လုပ်လိုက်တိုင်းလွဲ
နေတာ တခြားသူတွေကပါ အသိပြန်ပေးရတဲ့ အထိ။
စေ့စပ်သေချာ လွန်းတဲ့ ဆရာက နမော်နမဲ့ နိုင်နေတယ်
ဆိုတော့ ဆေးရုံတစ်ခုလုံးရဲ့ အမြင်မှာဆန်းနေကြသည်။ဘယ်လိုမှမနေနိုင်ကြတော့ သီဟ က မေးယူရ၏။
" ခန့်ထည် မင်းဘာဖြစ်နေတာလဲ ကြည့်ရတာရည်းစား
ပူမိနေတဲ့အတိုင်းပဲ"" ဟန် "
ငူတူတူနဲ့ ဆေးရုံ ဝင်းက ခရေပင်အောက်မှာထိုင်နေတဲ့
မုန်းခန့်ထည်က အူကြောင်ကြောင်လေးပြန်ကြည့်၏။
ပြီးတော့သက်ပြင်းပူကြီးချကာ ပြန်မပြောဘဲထိုင်နေ
ပြန်သည်။သွားတွေ့ချင်သည်။ တစ်မြို့ထဲမှာ သူနဲ့အတူရှိနေတယ်
ဆိုတဲ့အသိက ရင်အစုံကို ခပ်နွေးနွေးခုန်လှုပ်စေ၏။
ဟိုတစ်နေ့က တွေ့ရတဲ့ပုံစံအရဆို ဒီကိုအလုပ်ကိစ္စအရ
လာတာဖြစ်နိုင်သည် ။ ပြန်ဦးမှာ မဟုတ် ။
တွေ့ချင်စိတ်တွေ တရိပ်ရိပ်တက်လာလိုက်
ဘယ်မှာသွားရှာရမှန်းမသိလို့ စိတ်ဓာတ်တွေ
ဟိုးအောက်ဆုံးကျသွား လိုက်နဲ့ အကြိမ်ကြိမ်
သက်ပြင်းမော ကြီး ပဲ ချမိ၏။သူပိုင်တဲ့ shopping center ကို နေ့တိုင်း
သွား သော်လည်း လူမပြောနဲ့ အရိပ်တောင်မမြင်ရ ။
အပေါက်ဝမှာ ဂျူတီချိန်လွတ်ပြီးလေတိုင်း သွားသွား
စောင့်ရလွန်းလို့ လုံခြုံရေးဦးလေးတွေ နဲ့တောင်
အတော်အသင့်မျက်မှန်းတမ်းမိနေပြီ။
ကိုယ်လာရင် မျက်စိဒေါက်ထောက် ကြည့်နေကြ
သော်လည်း မရှက်နိုင်အား ။ သူတို့ကို မေးဖို့ကြတော့
သူဌေးနဲ့ အလုပ်သမား ဘယ်လိုမှ သိမှာမဟုတ်။
သံသယ အဖြစ်ခံရ မှာပဲ အဖက်တင်နိုင်သည်။ကောက်ရိုးပုံထဲ အပ်ပျောက်ရှာ ရတာကပိုလွယ်
ဦးမည်။ မတွေ့ချင်ဘဲ ရှောင်နေတဲ့လူက တွေ့ဖို့
ပိုခက်၏။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl