" နွေ ဦး ဒီနှစ်မင်းဆယ်တန်းပြန်ဖြေရမှာနော် မင်းကို ကျူရှင်အနီးကပ် သင်ပေးဖို့ guideတစ်ယောက် ငှါးပေးမယ် '
"ပြီးရော ဖေဖေ ရာ ငှါးချင် သပဆိုလည်းငှါး.ဒါပေမဲ့ အောင်ဖို့ တော့ကျွန်တော် က အာမခံမှာမဟုတ်ဘူးနော် "
" ဘာ ပြောတယ် ဟေ့ကောင် မေကြီး မင်း 'သားကို ကြည့်ပြော "
ဒီလိုပါပဲ ဖေကြီးက ကျွန်တော့ကိုပြောမနိုင်ရင် မေကြီးဘက်လှည့်တာ မေကြီးဆိုကဖေကြီးဘက်ပါမယ်ထင် လို့လား
အန်တီကတော့Noပါကွယ် ပေါ့
" ဖေကြီးရယ် သားက စာနဲ့လည်းကင်းကွာနေပြီ အလုပ်ကလေးတစ်ခုပဲ ပေးလုပ်လိုက်ရင်မကောင်းဘူးလား "
" ဆယ်တန်းမအောင်ဘွဲ့ မရဘဲနဲ့ ဘာ အလုပ်မှပေးမလုပ်နိုင်ဘူး.အရင်းအနှီးလည်းမပေးနိုင်ဘူး ငါတို့အမျိုးက ဘွဲ့ရပညာတတ် အမျိုးကွ ပညာရေးတော့အလေးထားတယ် "
" ဘာလဲ ရှင်က ကျွန်မကို လှောင်နေတာလား စကားကိုတည့်ပြော ရွဲ့ မပြောနဲ့ "
စလာပါပြီ ဖေကြီးနဲ့မေကြီးရဲ့ ပညာတတ်ရန်ပွဲ
ဖေကြီးက ဘွဲ့ ရ ဖြစ်သော်လည်း မေကြီးက ဆယ်တန်းပင်မအောင် အငယ်ဆုံးသမီးမို့လည်း အလိုလိုက်ထားကာ ဆိုချင်သလိုဆိုးသည် ။ဆယ်တန်းကို နှစ်နှစ်ဖြေပြီးတော့ စိတ်မပါတော့ဆိုက ပြန်မဖြေတော့ပဲ စီးပွားရေးသာလုပ်ခဲ့သည် ။ဖိုးဖိုးတို့ကလည်း သမီးသဘောအတိုင်း သာ ဖြစ်စေခဲ့သည် ။ငယ်ငယ်ရွယ်ရွယ်နှင့်စီးပွားရေးလုပ်ချင်သည်ကို ဂုဏ်ယူကာ ဆိုင်တွေဖွင့်ပေးအရင်းအနှီးတွေထုတ်ပေးခဲ့ သည်ပင် ၊ဒါကြောင့် နွေဦးကိုလည်း ဆယ်တန်းပြန်မဖြေခိုင်းတာမထူးဆန်းတော့" ရွဲ့ မပြောဘူးကွ ငါ့သားငါပညာတတ်ဖြစ်စေချင်တာ ဘာများကြီးကျယ်သွားလဲ "
" တော်ပါတော့ ဖေကြီးရာ မနက်စာ ကို အေးဆေးလေးစားပါရစေ ၊ ဖေကြီး guideငှါးပေးမယ်မလား ငှါးခဲ့ ပေး
ဒါပေမဲ့ ဒီနှစ်မအောင်ရင်တော့ ကျွန်တော့ကိုအတင်းမတိုက်တွန်းနဲ့ တော့ စီးပွားရေးပဲလုပ်တော့မယ် okတယ်နော် "
BINABASA MO ANG
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl