မနက် အစော
စကားပြောသံတွေနဲ့
မှာတမ်းခြွေသံတွေ မုန်းခန့်ထည်တို့တစ်အိမ်လုံး
ဆူညံနေ၏ ။ဘာအကြောင်းအရာ
လဲဆို သည်မှာတော့ နွေဦးကို
ကျိုက္ခမီ စက်စဲ လိုက်ပို့မည့်
အတွက် မသက်ထားရဲ့
မှာတမ်းတစ်ပုံ အောက်မှာ
မုန်းခန့်ထည်အလူးအလိမ့်
ပုတ်သင်ညို လုပ်နေရသည်ပေါ့ ။မသက်ထားမှာနေတာက
မုန်းခန့်ထည်အတွက်တော့မဟုတ်ချေ။
သူ့ရဲ့ ဝမ်းမနာမောင်လေး
စိန်နွေဦးအတွက်ပါ။ဆိုင်ကယ်နဲ့သွားကြမှာဖြစ်တဲ့အတွက်
ဖြေးဖြေးမောင်းသွားဖို့ နဲ့
လက်ရှည်အထူ တွေဝတ်သွားဖို့ ။
ကမ်းခြေ ရောက်ရင်
ကလေးကို ရေနက်ထဲ ပေးမဆင်းရန်ရယ်
သေချာဂရုစိုက် ပြီးပြန်ခေါ်ခဲ့ရန်ကို
ထပ်ကာတလဲလဲ မှာနေလေသည်။ရောက်တဲ့ တစ်ညနဲ့ တစ်မနက်အတွင်း မှာ
အဲ့ဒီလောက်အချစ်ခံ နေရတဲ့ ထိုလူသားလေးပါ။
မမကလည်း သူ့ရဲ့ ဆယ်ဘဝက
ဆွေတော်မျိုးတော် တွေ့တဲ့အလား...
သူ့ထက်လည်း ၁၅နှစ်လောက်ငယ်တဲ့
ထိုလူသားလေးကို
သဲသဲတုန်နေတာ က
မျက်နှာမြင်ချစ်ခင်စေဆိုတဲ့
ဆုတောင်း ပြည့်ခဲ့သည်ထင်၏။မုန်းခန့်ထည် ကတော့ မမ ဘာပြောနေနေ
ခေါင်းငြိမ့်နေပေမဲ့
မျက်လုံးအကြည့်နဲ့
လက်ကတော့
သူ့ရဲ့ ဝေးကွာနေတာ ကြာပြီဖြစ်တဲ့
ဘေဘီလေး "i "ကြီး
ဆီက မခွာ ။ လက်ကလေးနဲ့ ဖွဖွ ပွတ်လိုက်
ဖုန်တွေကို လေကလေးနဲ့ မှုတ်လိုက်
ပြောင်နေပြီးသား back မှန်နဲ့ ဆိုင်ကယ်ခေါင်းကို
တကျိကျိ မြည်အောင် ထိ ပွတ်တိုက်နေသေးသည် ။"ဟဲ့ ငယ်လေး.မမပြောတာကြားလား."
သက်ထား ကပြောလည်းပြော ရင်း
မုန်းခန့်ထည် နားရွက်ကိုပါ ခပ်ဖွဖွ လိမ်ဆွဲတော့
အား ကနဲ ထအော်၏။
နီရဲသွားသော နားရွက်ဖျားကို
လက်နဲ့ ပွတ်ချေ.ရင်းဖြင့်
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl