ဆိုင်သွားရမှာမို့ အိမ်မှာ နွေဦးကို
စောင့် ပေးမဲ့ လူ မရှိမှာစိုးလို့ စိတ်ချရအောင်
ကိုမုန်း နဲ့ အပြင် လွှတ်ခဲ့ တဲ့ ကိုဇွဲသာ
နွေဦး အခု လို လိုင်းကား တိုးစီး နေရတယ်သာ
သိရင် ဘယ်လောက်ရင်ထု မည်လဲ မသိ။ကိုမုန်း တို့မိသားစုက ဝန်ထမ်းတွေဆိုတော့
ကား လည်း မရှိ ။ရှိတဲ့ဆိုင်ကယ်က နယ်မှာ ကျန်ခဲ့ တာ
ရန်ကုန်မှာလည်းစီး လို့ မရ ။ တက္ကစီငှါး ဖို့ကျတော့
နွေဦး က ကို မုန်း ကိုအားနာရသည်။
သူက အခုမှ ဟောက်စ် ဆင်းတုန်း ကိုအဲ့တော့ အကောင်းဆုံးနည်းက လိုင်းကားတိုးစီးရုံသာ။
အရင်က အိမ်မှာနေတုန်း က လိုင်းကား တိုးမစီးခဲ့
ဖူးပေမဲ့ အိမ်ကို ကျောခိုင်း လာခဲ့ပြီးတဲ့နောက်ပိုင်း
Busကားဆိုတာ ကိုယ်နဲ့ အသားကျနေခဲ့တာကြာပြီ။
ဒါကြောင့် လိုင်းကား ကို အေးဆေးသက်သာ စွာ
မျက်နှာ တစ်ချက်မပျက်ဘဲ တက်စီး လေ သော
နွေဦး ကို ကိုမုန်း က အံသြတကြီးနဲ့
ကြည့်နေလေသည်။အမှန်တော့လိုင်းကားပေါ်မှာ သက်တောင့်သက်သာ
တော့ မဖြစ်လှ ။ ထိုင်စရာ ခုံ မရ၍ လူက မတ်တပ်။
ဒီကြားထဲ ထပ်တက်လာ တဲ့ လူ တွေကြောင့်
ငါးပိသိပ်သလို ဖြစ်နေလေသည် ။ လှမ်းကိုင်စရာ
တန်း က လက်များစွာ ကြား ထဲ အလုအယက်
ရောက်သွား ကြရာ နွေဦး ကိုင်စရာ မရှိ တော့ ။ကိုမုန်း က ထိန်းကိုင်စရာ ကွင်းတစ်ခုရထား၍
သူက အဆင်ပြေနေသော်လည်း ကိုယ်က
ယိုင်တိယိုင်တိုင်နဲ့ ဘရိတ်တစ်ချက်အုပ်တိုင်း
ဘေးနားက လူတွေကို ပြေးပြေးမိတ်ဆက် နေ၏။
ကိုယ့်မှာ လူကြားထဲ ဟိုလူ့ဆီဝင်တိုး ဒီလူ့ဆီဝင်တိုး
နဲ့ အမူးသမားသိုင်းကျင့်နေရသည် ။ ဒီကြားထဲ
ချွေး တစိုစိုနဲ့ ဝဝဖိုင့်ဖိုင့်လူကြီး တစ်ယောက် က
နွေဦးနဲ့ အနီးဆုံးမှာ ရှိနေရာ ကိုယ် ယိုင်သွားတိုင်း
ထိုလူကြီး ကို သွား တိုး မိနေတာမို့ ချွေးနံတွေက
လှိုင်ကနဲထွက်လာတော့ ခေါင်းပါ မူးနောက်လာရ၏။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl