ခပ်သုန်သုန် တိုက်ခတ်လာသော လေရူး
အဝေ့မှာ သစ်ရွက်ခြောက်တို့သည် ရိုးတံမှ
ကြွေကျကုန်ကြ၏ ။ရွက်ခြောက်ကြွေ သံ တို့
က အစီစဉ်မကျ ..
နာရီ သံ တချက်ချက် မြည်သလိုမဟုတ်ဘဲ
ခနနေ ဖျတ်ခနဲ ကြားလိုက်
အတန်ကြာ ပျောက်သွား လိုက် နဲ့
ပတ်ဝန်းကျင်ကို သူ့ရဲ့ အနိစ္စတရား အား
ခေါ်ယူ ပြသနေသယောင် ....ရွက်ခြောက်ပင်ရဲ့ မနီးမဝေးရှိ ပြတင်းပေါက်
နားတွင်တော့ ကိုယ်လုံးကိုယ်ထည်သေးပုံ
ရသော ဖြူ ဖျော့ဖျော့ မျက်နှာ ပိုင်ရှင်
ကောင်လေး တစ်ယောက် သည်
ရွက်ခြောက်တို့၏ သင်္ခါ ရတရားကို ကြည့် ရှု
နေပုံ ရ၏ ။ သို့ပေမဲ့ ထိုကောင်လေး ၏
မျက် နှာရိပ် ထဲတွင် ထို သဘော တရားများ
ကို မြင်ပုံ မရ ပါ ။ရွက်ခြောက်တစ်ရွက်ကြွေတိုင်း သူ့ အသည်းများ
ဖဲ့ခြွေသလို တဖျတ်ဖျတ်တုန်ခါနေ၏ ။.
မျက်နှာ ထက်တွင် တွေဝေ လွမ်းမော ခြင်း တစ်ခု
ပန်ဆင် လျက် အပြင်ဘက်ကို ငေးငေး ငိုင် ငိုင်
ကြည့် နေ၏ ။" လှဲနေတာ မဟုတ်ဘူး
အား.ရှိသေးတာ မဟုတ် ဘဲနဲ့ "တံခါးဖွင့် ပြီး ဝင်လာသော ဇွဲ က ဆူ သလိုလို နဲ့
ညည်း ညူ.နေ၏ ။.
ခေါင်းမာလှသော နွေဦး ကို သူမနိုင်တော့ ။
အားမရှိလို့လှဲ နေ ပါဆိုရင် ငုတ်တုတ်ထထိုင်ရင်ထိုင်
မထိုင်ရင် ဆေးရုံဝင်းထဲ လမ်းလျှောက်နေ၏။
အားရှိအောင် စွပ်ပြုတ်တို့ နွားနို့တို့သောက်ပါဆိုရင်
မတည့်တဲ့ အချဉ် တွေ အစပ်တွေ စားချင် နေ၏။.အရင်က ဇွဲ ကို ရှိန်ပြီးကြောက် တတ်သော
နွေဦး က သုံးရက်လောက် သတိမေ့ပြီးမှ
ကြောက်ဖို့နေနေသာသာ ဂျီ ကျနေတတ်လာသည် ။
လူကြီး ဆန်သော ပုံရိပ်တွေ ပျောက် လာကာ
ကလေးတွေလိုမျိုး တဇွတ်ထိုး ဆန်လာ ၏ ။
တစ်ခါတစ်ခါ သူစားချင်တာ
သူလုပ်ချင်တာ မလုပ်ရရင် နှုတ်ခမ်း က
မသိမသာ.ဆူ ထော် နေတတ်သေး၏ ။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl