" 31-1"

9.8K 631 18
                                    


ကျီကျီကျာကျာ ​အော်​မြည်​​နေ​သော
ငှက်​က​လေးများရဲ့ အသံနဲ့
ခပ်​နုနုလာ​ရောက်​ထိ​တွေ့​ ​သော
နေ​ခြည်​ ​ဖျော့​ဖျော့ ​ကြောင့်​ မျက်​လုံး ကို
အသာအယာ ဖွင့်​ ကြည့်​ ၏ ။

ပထမဆုံး မြင်​လိုက်​ရတာ မျက်​နှာကြတ်​ဖြူ.ဖြူ
နှာ​ခေါင်း ထဲ တိုး ဝင်​ လာ တာ က
ပိုးသတ်​​ဆေးလို အနံ့ များ
သို့​သော်​ ထိုအနံ့ များ ရ​နေ​သော်​​လည်း
ခေါင်း တစ်​ခု လုံး ကြည်​ လင်​ ​နေသလို
ခံစား ​နေရသည်​ ။

မျက်​နှာကြတ်​ ဆီ က အကြည့်​ လွှဲ ရင်း
မျက်​လုံး ခနပိတ်​ကာ ဒီ​နေရာကို
ဘာလို့​ရောက်​​နေသလဲ ပြန်​စဉ်းစား
ကြည့်​ သည်​ ။ မနိုး ထလာခင်​ အချိန်​က
အိမ်​မက်​လိုလို ကြုံခဲ့ ရ​သော ဆူညံသံများ
လှုပ်​ရှား မှုများ က အစီစဉ်​မကျစွာ
မှတ်​ဥာဏ်​ ထဲ ​ပြေး လွှား ​နေ၏။
ထိုမှတ်​ဥာဏ်​ ​တွေ ထဲမှာ
ကိုကို့ ပုံရိပ်​များလည်း တစ်​စွန်းတစ ပါလာ၏ ။

စိတ်​ပူ သလို ​ခေါ်သံများ စိုးရိမ်​​သော အကြည့်​ များ
နှင့်​ ​နွေး​ထွေးစွာ ဆုပ်​ကိုင်​ထား ​သော
လက်​ အစုံ က ပီပြင်​လာလိုက်
ဝေဝါး လာလိုက်​ နှင့်
သေချာတာ တစ်​ခုက​တော့
ထိုအိမ်​မက်​ထဲ မှာ ကိုကိုက သူ့အ​ပေါ်
နူးညံ့ စွာ ဆက်​ဆံ​ပေး​နေသည်​ ကို ပင်​ ..

အ​တွေး ​တွေကို ​မောင်း ထုတ်​ကာ
ရောက်​​နေတဲ့ ​နေရာကို စူးစမ်းဖို့
ပက်​လက်​ဖြစ်​ ​နေရာမှ ထဖို့ ပြင်​လိုက်​​တော့
လက်​ ဖဝါး.တစ်​ခုလုံး တင်း ခနဲ ဖြစ်​သွား ပြီး
တစ်​ စုံ တစ်​​ယောက်​ က ဆုပ်​ကိုင်​ ထား သလို
ခံစား လိုက်​ ရ၏ ။

ပက်​လက်​ က​လေး က ​နေ နံ​ဘေး ကို
စောင်းငဲ့ ကြည့်​ လိုက်​ ​တော့
မယုံ နိုင်​ခြင်း ကြီး စွာ
ကိုကို က သူနဲ့ လက်​ တစ်​ကမ်း အကွာ မှာ
ရောက်​​နေ၏ ။

ကုတင်​​ပေါ် ​ခေါင်း ​လေး ​စောင်းငဲ့ ကာ
အိပ်​​နေပုံက အလွန်​တရာ ပင်​ပန်း ​နေ​သော
လူ လို ..

ကုတင်​ ​ပေါ် တက်​အိပ်​​နေတာမျိုး မဟုတ်​ဘဲ
ထိုင်​ရက်သား ​လေး ကုတင်​​ပေါ်ပဲ ​ခေါင်း တင်​ကာ
နှစ်​နှစ်​ခြိုက်​ ခြိုက်​ အိပ်​ ​နေပုံ​​လေး က
အပြစ်​ကင်းစွာ ...

အမုန်းအဆုံးသတ်​Where stories live. Discover now