မျက်နှာမှာ အညို အမဲ ရာတွေနဲ့နှုတ်ခမ်းပေါက်
ပြဲ ကာ သွေးစို့နေသော သူတစ်ယောက် ရယ်
တောက်ခေါက်သံ ပြင်းပြင်း ပေးကာ ဒေါသတကြီး
ဖြစ် လျက်စိတ်ပျက် လက်ပျက် ထိုင်နေသော
လူကြီးတစ်ယောက်ရယ်
အခန်း ထောင့်တစ်နေရာမှာ တရှုံ့ ရှုံ့ ငို နေသော
အမျိုး သမီး ကြီး တစ်ယောက်ရယ်
ရှိနေသော အခန်း ထဲမှာ အေးစက်ခြင်း တွေ
ငို ကြွေးခြင်းတွေ ဖုံးလွှမ်းကာ တင်းမာ သော.
အခြေ အနေ ကို ဖော်ပြနေ၏ ။" သားရယ် ဖေကြီးပြောလိုက်ပါ နောက် နေတာပါလို့
တကယ်မဟုတ်ပါဘူးလို့ "ဒေါမေသဇင် က သားဖြစ်သူကို လှမ်းကြည့်ကာ
တိတ်ဆိတ်နေသော စကားဝိုင်း ကို စတင်ဖြိုခွဲ
လိုက်သည် ။ သူမရင် ထဲလည်း ဗလာင်ဆူနေတာ ပါ။
သားဖြစ်သူ ကို ဒီလို အခြေ အနေနဲ့ တွေ့ ရလိမ့်မယ်
လို့ သူမ ဘယ်သော အခါ ကမှ မထင်ခဲ့ ။
အတွေးထဲ တောင်မရှိ ခဲ့ တာ ပါ။
သူမ သူများသားသမီးများကိုလည်း ဘယ်သောအခါမှ
ပုတ်ခတ်စော်ကားပြောဆိုခြင်း မရှိခဲ့ ပါ ။
ဘာလို့ သူမ တို့ရဲ့သားက သူများ ပြော စရာ ဖြစ်လာ
ရပါသလဲ ။ ဒေါ်မေသဇင်ယူကြုံး မရ စွာ ဖြစ်နေ၏ ။
သား က မနေ့ က ပြောလိုက်တဲ့ စကား က အမှန်
တွေပါ ဆိုတာ တွင်တွင်ပြောနေသော်လည်း
သူမ မယုံနိုင်ပါ ။ မယုံရဲတာဆိုပိုမှန်မည် ။
အမှန်တရားကို မျက်ကွယ်ပြု ကာ သားဖြစ်သူကို
မဝန်ခံစေချင်ပေမဲ့ ခေါင်းမာလှသော သား က
မျက်တောင်တစ်ချက် မခတ်ပဲ သူ ဟာ
ယောကျာ်းလေးတစ်ယောက်ကို စိတ်ဝင်စားမိကြောင်း
ပြောပြလာ၏။
မနေ့ညက ဖြစ်ပျက်သွားသော ပြသနာသည်
လူ အများကြားမှာ ဖြစ်သည့် အတွက် ဦးမိုးမြင့်လည်း
ခေါင်းမဖော်နိုင်ခဲ့ ပါ.။ ဒါ့အပြင် နွေဦးက သူgayဆိုတာကို
လက်ခံပေးဖို့ တွင်တွင်တောင်းဆိုနေတော့
ဦးမိုးမြင့် ဒေါသထွက်စွာ ထိုးမိ၏။
မျက်လုံးများပါနီရဲနေကာ အံကို တင်းတင်းကြိတ်ထား၏။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl