"48"

10.8K 657 59
                                    

"ဟဲလိုသားငယ် ဟိုမှာအဆင်ပြေလား ရေးငယ်လေးရော နေရတာအဆင်​​ပြေလား"

မေကြီးဆီက ဖုန်းလာတော့ ရင်တထိတ်ထိတ်ဖြစ်နေရသည်။တော်ပါသေးရဲ့တခြားဘာမှမပြောလို့
ရေးရေးငယ်ကပြောလို့ရတာမဟုတ်ဘူး။ တခြားတွေလျှောက်ပြောထားမှာစိုးရသေး။
စိုးရိမ်နေတာတခြားမဟုတ်။မုန်းခန့်ထည်နဲ့ အတူတူရှိနေတယ်ဆိုတာ မသိစေချင်။
နွေဦးဒိလျိုဖြစ်တာ မုန်းခန့်ထည်နဲ့အနည်းငယ်သက်ဆိုင်သည်ဟုထင်နေသောမေကြီးက
ဖေကြီးကိုလည်းအပြစ်တင်ခဲ့သေး၏။  မော်လမြိုင်ကိုသွားရမယ်ကြားတုန်းက မေကြီးကသိပ်မလွှတ်ချင်
ခဲ့။အလုပ်ကိစ္စက အရေးကြီးလို့တာမို့မဖြစ်မနေ လွှတ်ခဲ့ရခြင်းသာ။

ဘယ်မိဘမဆို သားသမီး ကိုလွဲမှားသောဘ၀ မရောက်စေချင်ကြတာ ထုံးစံ။
အရင်ကတော့နွေဦးကိုတားမရ၍လွှတ်ထားသောသဘောမျိုး။ယခုအခြေအနေတွင်တော့
မေကြီးသည် အတ္တသိပ်ကြီးနေပေလိမ့်မည်။ အရင်လိုပြန်မဖြစ်ဖို့ သူမ အသည်းအသန်
ကြိုးစားနေ၏။နွေဦး အိမ်ကိုပြန်ရောက်စ တုန်းက မေကြီးသည် နွေဦး တခြားယောကျာ်းလေး
တွေနဲ့ စကားပြောတာတောင် မျက်စိအောက်က အလွှတ် မခံ။အနားမှာတရစ်ဝဲ၀ဲ ရှိနေတတ်၏။
ယုတ်စွအဆုံး နိုင်ငံခြား သွားဖို့လိုက်လုပ်တာတောင်မှ အနောက်က တကောက်ကောက်လိုက်နေတတ်၏။
မိန်းကလေးတွေနဲံ စကားပြောရင် စိတ်ချလက်ချ လွှတ်ထားတတ်ပြီး ယောကျာ်းတစ်ယောက်နဲ့ဘေးချင်းကပ် ရပ်ထိုင်နေ  ရင်တောင်မှ ချက်ချင်းအနားကိုရောက်လာ၏။

မေကြီးတွေးပူနေသည်ကို နွေဦးနားလည် ပါသည်။ဒါပေမဲ့ နွေဦးရဲ့ စိတ်ခံစားမှုကိုမေ ကြီးနားမလည်ပါဘူး
ကျွန်တော်ဟာ တွေ့ သမျှယောကျာ်းလေးတွေကို လိုက် ကြိုက်နေ တဲ့သူမှ မဟုတ်တာ
ကျွန်တော့ အချစ်က တစ်ပင်မှာ တစ်ခါပဲသီးတတ်တဲ့ ပေသီး လိုမျိုးပါ။
တစ်ခါပဲ ဖူးပွင့်ပြီးသေဆုံးသွားပါပြီ။ ထပ်မံ အသီးကင်းဖို့ရန်မဖြစ်နိုင်တော့ပါဘူး။

"အားလုံးအဆင်ပြေတယ်မေကြီး နောက်တစ်ပတ်လောက်နေရင် ဒီ ကအလုပ်တွေအပြီးဖျက်ပြီးရင် ပြန် လာတော့မှာပါ"

"အေးအေးကောင်းတယ်သားငယ် ကျန်းမာရေးလည်းဂရုစိုက်ဦးနော်"

အမုန်းအဆုံးသတ်​Where stories live. Discover now