ရုတ်ချည်းတိတ်ဆိတ်သွားတဲ့ အခြေ အနေကို
ဖြိုခွဲလိုက်သူ က သဲကိုယ်တိုင် ပင် ။
သူမကိုယ်တိုင်လည်း အံ့သြနေတဲ့ အခြေ အနေ။"ဧကန္တငါထင်နေတဲ့ လူ တော့ မဟုတ်ဘူး မလား "
မုန်းခန့်ထည် တစ်ချက်သာ မျက်လုံး လှန်ကြည့်ပြီး
သက်ပြင်းချ၏။ မျက်လွှာကို အောက်ပြန်စိုက်ပြီး
ကော်ဖီ ခွက် ကိုသာ အကြောင်းမဲ့ ငေးကြည့်
နေ၏။ လက်ကတော့ ကော်ဖီခွက်ထဲက ဇွန်း ကို
ခပ်လေးလေး မွှေ နေ ကာ တစ်လုံးချင်းပြန်ပြော
သည်။" ဟုတ်တယ် "
" ဘာ "
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ထအော်တဲ့
သဲ ကြောင့် ဘေးဝိုင်းကတွေ လှည့်ကြည့်ကြ၏။"နင် နင် ဘယ်လိုဖြစ်သွားတာလဲ "
အထစ်ထစ်အငေါ့ ငေါ့ ဖြစ်နေတဲ့ သူမကို
မုန်းခန့်ထည် က သနားစဖွယ်မျက်လုံး ဖြင့်
လှမ်းကြည့် ပြီး သူကိုယ်တိုင် လည်း စိတ်ရှုပ်ထွေး
နေတဲ့ပုံဖြင့် ဆံပင်တွေကို ဆွဲဖွ နေပြန်သည်။" ငါလည်း မသိတော့ဘူး သဲရာ နင်ငါ့ကို
ဟိုနေ့က ကော်ဖီ ဆိုင်မှာ ပြောပြီးကတည်းက
ငါ တစ်စုံတစ်ခုကို သိလိုက်သလိုပဲ"သဲက အစ်မ ကြီးတစ်ယောက်လို ပြုံးနေ၏။
သူမကြည့်တဲ့အကြည့်တွေက မောင်ငယ်လေး
တစ်ယောက်ကို အား ပေး နေတဲ့ အကြည့်မျို.းလေး။" နင့် ရဲ့ စိတ်ရင်းအမှန်ကို နင် တွေ့ ခဲ့ ပြီပေါ့ "
" ငါ ငါ မသေချာ သေးဘူး သဲ ငါ့စိတ်ထဲ မတင် မကျ
ဖြစ်နေတာရှိတယ် ငါ့ခံစားချက်က အဲ့ဒီ ကိစ္စ တစ်ရပ်
ကြောင့် ဖြစ်နေတာလားဆိုတာ ငါဒွိဟ ဖြစ်နေတယ် "" ဘာကိစ္စလဲ "
သဲ က မုန်းခန့်ထည်ရဲ့ ငုံ့နေတဲ့ မျက်နှာကို
အတန်ငယ်ငုံ့ကြည့်ကာ သူမအရှေ့မှာရှိတဲ့
ကော်ဖီ ပူကို မှုတ်သောက်နေ၏။
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl