မင်းခန့်ရှာပေးတဲ့ အဆောင်မှာ နေရတာ
တစ်လ ပြည့်ပြီ ။ အဆောင်နေရာက
market နဲ့ရော ကားဂိတ်နဲ့ပါနီးတော့
အဆင်ပြေသည် ။နွေဦး အဝတ်အစားလဲ ပြီးတော့ ဂီတာ တစ်လက်
ကိုင်ဆွဲကာ ကားဂိတ်ဆီ ထွက်ခဲ့ သည် ။
ညနေ ခြောက်နာရီ ထိုးနေပြီ ဖြစ် တဲ့အတွက်
လူအနည်းငယ်ရှင်းနေ၏ ။
အရှေ့ကိုဆိုက်လာတဲ့ ကားဆီ အမြန် ပြေးတက်ရသည် ။
အလုပ်က နောက်ကျလို့ မရ ဘူး ။
ဒီအလုပ်က လည်း မင်းခန့်အဆက်အသွယ် နဲ့
ရထားတာ ။ နွေဦး က ဂီတာ တီးတတ်ပြီး သီချင်းပါ
ဆိုတတ်တယ်ဆိုတော့မင်းခန့်ကတီးဝိုင်း.တစ်ခုမှာ
အလုပ်လျှောက် ပေး၏ ။ အဆင်ပြေစွာနဲ့ပင်
ခေါင်းဆောင်က သဘောကျ ၍
အဆို နေရာ ကို ပေး၏ ။ ဒီတော့ နွေဦး က
ထိုတီးဝိုင်းရဲ့ ပင်တိုင် အဆို တစ်ယောက် ဖြစ်လာ၏ ။Infinity ဆိုတဲ့ ဆိုင်းဘုတ်ကို တစ်ချက်ကြည့်ကာ
နွေဦး အထဲကို လှမ်းဝင်ခဲ့ ၏ ။
ခနနေရင် အလုပ်စရတော့မည် ။
အလုပ်မစခင် အဆာပြေစားရန် စီစဉ် ပေးထား.တဲ့
မုန့်တွေကို ယူစားနေလိုက်၏ ။
ဒီတီးဝိုင်း နဲ့ ဒီဆိုင်လေး က သန့်သည် ။
စည်း စနစ်ကြီးသည် ။ လူ ရှုပ် တာတွေ သိပ်မရှိ ။
ဒါကို နွေဦး.သဘောကျတယ်။" ရောက် နေပြီလား "
ခေါင်းဆောင် ကို ဇွဲ တမန် က နွေဦး ထိုင်တဲ့ ခုံ.မှာ
ဝင်ထိုင် ပြီးမေးတော့ နွေဦး.ပြန် ပြုံး ပြလိုက်ကာ" ခုန ကပဲ ကို ဇွဲ "
ဇွဲ ခေါင်းညိမ့် ရင်း နွေဦး စားနေသော ပန်းကန်ကို ယူ
စား ၏ ။" ဟာ ကို ဇွဲ ကျွန်တော် စားထား ပြီးသား ကြီး လေ
တခြားဟာစားမလား ကျွန်တော်ယူပေးမယ် "လှမ်းထ ဟန် ပြင် လိုက်သော နွေဦး လက်ကို
ဇွဲ ဆွဲ ချကာ ခုံမှာ ပြန် ထိုင်စေ၏.။" ဘာလဲ ကိုယ်စား နေတာ ကို ရွံ လို့. လား "
" မရွံ ပါဘူး.
ကျွန်တော်က ..."
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl