Ep 2 သတင်းထူးဟေး သတင်းထူး

5.2K 81 3
                                    

မဟုတ်မှလွဲရော ကု ကု ကု Kookie

လုံးဝမမှားနိုင်ဘူး ငါသေလို့ငရဲပြည်ရောက်တာတောင် Kookie မျက်နှာကို မှတ်မိတယ်

တကယ် Kookie ပဲ ငါဘာလို့သူနဲ့ရှိနေတာလဲ

Ara အသည်းအသန်စဉ်းစားကြည့်တော့ ဘာမှမမှတ်မိ ခေါင်းကိုက်တာပဲ အဖတ်တင်တယ်

ငါမနေ့ညက အရက်သောက်လိုက်တာလား အား မမှတ်မိတော့ဘူး ဘာပဲဖြစ်ဖြစ် ဒီက အရင်သွားမှဖြစ်မယ်

Ara တစ်ယောက် ခြေလှမ်းဖွဖွလေးလှမ်းကာ အင်္ကျီယူမည်အပြု ကုတင်နှင့် မျက်နှာချင်းဆိုင်က  ပုံရိပ်တစ်ခုကြောင့် နှလုံးကျွတ်မတတ် လန့်ဖြန့်သွားတော့တယ် ပုံရိပ်မှာ ကုတင်နှင့်မျက်နှာချင်းဆိုင် ကိုယ်လုံးပေါ် မှန်ကားချပ်အကြီးကြီးမှ သူမကို ကုတင်ပေါ်တွင် လက်ပိုက်လျက်ကြည့်နေသော Kook ဖြစ်သည်

အ Kook နိုးသွားတာလား အာ အာ အာညော် Morning ပါ စိတ်မရှိပါနဲ့ ကျွန်မက ဒီနားက ခဏဖြတ်သွားတာပါ

Ara ချစ်မြတ်နိုးရသော Kook ရဲ့အသံမှာ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်

အိပ်ယာပေါ် ခဏလောက်ထပ်နေရအောင်

ပြောပြောဆိုဆိုပင် သူမလက်ကို ဆွဲလိုက်တာကြောင့် ကုတင်ပေါ်တွင် ထပ်လျက်

Ara တစ်ယောက် ရင်ခုန်နေလား လန့်နေလား မပြောတတ် သေချာတာ တစ်ခုကတော့ Ara မျက်နှာမှာ အမှည့်လွန်ခရမ်းချဉ်သီးဖြစ်နေမှာ မလွဲဧကန်

ဒီအခိုက်အတန့်လေး ရပ်တန့်ထားချင်မိတယ် Idol ရဲ့မျက်နှာကို အနီးကပ်စေ့စေ့စပ်စပ်မြင်ချင်တာ Fan girl တိုင်းရဲ့ အိပ်မက်မလား  သူမက ကံအကောင်းဆုံး Fan Girl ဖြစ်လိမ့်မည် Kook ရဲ့ ချွေးပေါက်လေးတွေကအစ မွှေးညှင်းအဆုံး စေ့စေ့စပ်စပ်မြင်နေရတဲ့အပြင် သူ့ရဲ့ ထွက်သက်ဝင်သက်ကိုပါ ခံစားမိသည်အထိ နီးကပ်ခဲ့သည်
Ara နင် သေမယ်ဆိုလည်း သေရကျိုးနပ်ပြီ

သို့သော် ထိုအခိုက်အတန့်ကြာကြာမခံလိုက် Kook မှာ သူ့ရဲ့ ကြွက်သားလက်ဖျံနှင့် Ara လည်မျိုကို ဖိလိုက်တော့တယ် သူမ အလန့်တကြား မော့ကြည့်မိတော့ စားတော့ဝါးတော့မတက် မီးတောက်မျက်လုံးများဖြင့် သူမကို စူးစိုက်ကြည့်နေသော Kook ထံမှ အေးစက်စက်စကားလုံးများ ကြားလိုက်ရသည်

I Was ××× By My Idol ( MM Translation )Where stories live. Discover now