Kook က Chim စကားကြားတာနှင့် တံခါးကို ဝုန်းကနဲဖွင့်လိုက်ပြီး
ငါငြင်းတယ်
တံခါးရှေ့လက်ပိုက်ပြီးရပ်နေသော Chim က
Zhao Yilin ကြောင့်လား သူမင်းကိုအထင်လွဲမှာ စိုးရိမ်နေတာလား
Kook က ဆံပင်သပ်တင်လိုက်ရင်း
သေချာပေါက် မဟုတ်ဘူး
Chim က Kook နားကပ်ကာ
ဒါပေမယ့် အဲ့ Show က မင်း Image ကိုမြင့်စေတယ်နော် တကယ် Popular ဖြစ်တဲ့လူတွေကိုပဲ ဖိတ်တာ ပြီးတော့ Company ကလည်း လက်ခံပြီးပြီဆိုတော့ မင်းမလုပ်ဖို့မလွယ်လောက်တော့ဘူး
Kook ကသက်ပြင်းချပြီး စဉ်းစားနေတုန်း နောက်က Ara က ရှေ့ထွက်လာကာ
စကားဖြတ်ပြောပရစေ Zhao Yilin က ဘာဖြစ်လို့လဲ သူက ဒီလောက်လှပြီး အသံကောင်းတာကို
Kook က ဒေါသတကြီးလှည့်လိုက်ပြီး
ဒါဆို မင်းကရော
ဟင်
Kook က Ara လက်ကိုဆွဲကာ နံရံကပ်လိုက်ပြီး လူချင်းကပ်ကာ
ဒီလောက်လှပြီးအသံကောင်းတဲ့ Zhao Yilin က ငါနဲ့အတူ Show လုပ်မှာဆိုတော့ ငါ့ရဲ့တကယ့်ကောင်မလေးက ဘယ်လိုနေလဲ သဝန်မတိုဘူးလား
Ara က မျက်နှာလွှဲလိုက်ပြီး
ဟားဟားဟား ဒီလိုဆို ကျွန်မလည်း ဒီအရှုပ်ထုတ်ကနေ မြန်မြန်လွတ်တာပေါ့
Kook က Ara ဆံပင်ကို ခပ်ဖွဖွကိုင်ကာ
ဘာလဲ မင်းက အရှုံးပေးချင်နေတာလား
Ara က တစ်အိမ်လုံးကြားနိုင်သည့်အသံဖြင့်
ကျွန်မအရှုံးမပေးချင်ရင်တောင် အခုဘာမှလုပ်နိုင်တာ မရှိဘူး
Kook က လူချင်းနည်းနည်ခွာလိုက်ပြီး
မင်းအရှုံးမပေးချင်ရင် နည်းလမ်းရှိတယ် ၁၀မိနစ်နေရင် ကားပေါ်မှာ တွေ့မယ်
ရှင် !!!
ဆယ်မိနစ်အကြာ
ကားထဲတွင် ဝတ်စုံပြည့်ဖြင့် Kook က Ara ကို
မင်းပြီးပြီလား
Ara က ခေါင်းညိမ့်ပြလိုက်သဖြင့် Kook ကကားကိုမောင်းထွက်လိုက်ရင်း ဖုန်းကိုထုတ်ကာ
Hello ! Noona အင်း ကျွန်တော် Show အကြောင်းသိပြီးပြီ ဘယ်မှာ စာချုပ်ချုပ်မှာလဲ ကျွန်တော်လာခဲ့မလို့ ဩော် ဟုတ်ပြီ ခဏပဲစောင့် ကျွန်တော်တို့ လာနေပြီ
Company တွင် Manager Jang So Hye က ဖုန်းချလိုက်ပြီး ဖုန်းကိုကြောင်ကြည့်ကာ
ကျွန်တော်တို့ဆိုတော့ ဘယ်သူရော ပါဦးမှာပါလိမ့်
Manager ဘေးမှ စာချုပ်ချုပ်ရန်ထိုင်နေသော Show လုပ်သည့် Entertainment ရဲ့ CEO က
Jung Kook shii လား ဒီတစ်ခေါက်တော့ သူ့ကိုပါစေချင်တယ်ဗျာ အရင်အခေါက်တွေတုန်းက schedule ကြောင့်ဆိုပြီး အမြဲအငြင်းခံရတယ်မလား ဒီတစ်ခေါက် လက်ခံတော့ ကျွန်တော်တကယ်ဝမ်းသာသွားတာ ကျွန်တော်တို့ Company ရဲ့ Fb page မှာလည်း ARMY တွေက Jung Kook shii ကို ဖိတ်ဖို့ တအားတောင်းဆိုကြတာ BTS's Stronger Power ကတော့ တကယ်အံ့မခန်းပါပဲဗျာ ကျန်တဲ့ BTS Member တွေကိုလည်း နောက်အပတ်တွေကျ လက်ခံဖို့ တိုက်တွန်းပေးပါဦး အခုလည်း Big Hit or Jung Kook shii က တောင်းဆိုချင်တာများရှိရင် အချိန်မရွေးပြောပါ ဗျာ
Manager မှာ CEO ရဲ့ စကားအရှည်ကြီးကို နားထောင်ပြီး
ကျွန်မတို့ကလည်း ခဏခဏငြင်းရတာ အားနာပါတယ်ရှင် ကလေးတွေက World Tour တွေရော Run BTS တွေရော Schedules တွေက ပြည့်နေလို့ ဘယ်လိုမှ လက်ခံလို့မရတာကြောင့်ပါ အခုတော့ ကျွန်မတို့ဘက်က တောင်းဆိုစရာမရှိ ...
Manager စကားမဆုံးခင် တံခါးဖွင့်သံနှင့်အတူ Kook က
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. အာညီး ကျွန်တော်တောင်းဆိုစရာ ရှိပါတယ် ကျွန်တော့်ကောင်မလေး Jin Ara ကိုလည်း Show မှာ ပါခွင့်ပြုပေးပါ
Kook ကလည်း သူမကို ဘာမှအသိမပေးထားသဖြင့် ကြောင်နေသော Ara နှင့် မယုံနိုင်စရာ မျက်လုံးများဖြင့် Manager So Hyeက သံပြိုင်ထွက်လာတာက
ရှင် !!!
Kookie !!!
![](https://img.wattpad.com/cover/158063335-288-k767948.jpg)
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama