Ara တကိုယ်လုံးတုန်တက်နေအောင် ကြောက်နေသည် Camera ကို ဘီလူးတစ်ကောင်လို စိုက်ကြည့်ကာ ဘာလုပ်ရမှန်းမသိ မကြာခဏတော့ Selca တွေ Photo တွေတော့ ရိုက်ဖြစ်ပေမယ့် အခုဟာက IDOL နဲ့ နာမည်ကြီး Photographer တွေနဲ့ရိုက်နေရလို့ ဖြစ်မည် Air-Con အေးစိမ့်နေသော Studio ခန်းထဲမှာ Ara ဇောချွေးပြန်နေသည်
Photographer Arrjushii ကတော့ စိတ်ရှည်လက်ရှည် သူမကို သတိပေးနေသည်
စိတ်ကိုလျှော့ထား ညီမလေး အကိုတို့က Couple ဓာတ်ပုံရိုက်နေတော့ ညီမက Kook နား ကပ်မှရမယ်
Kook ကတော့ ကြောင်ပူစီလေးကို ရင်ခွင်ထဲပိုက်ကာ Ara ကို လှမ်းကြည့်နေသည် Ara ကလည်း Kook ကို အသနားခံမျက်လုံးနှင့်ကြည့်ကာ
Kook ကျွန်မ ဘယ်လို pose လုပ်ရမှာလဲ
လို့မေးလိုက်တော့ Manager Unnie က သက်ပြင်းချ၍ မေးခွန်း100 file ကို လိပ်ကာ Kook ခေါင်းကို ခပ်ဖွဖွရိုက်ရင်း
Kook မင်းကောင်မလေးရှက်နေတာကို ကြည့်ကောင်းနေတာလား သူမကို ကူညီပေးလိုက်လေ
Kook က စိတ်တိုဟန်ဖြင့်
အား Noona ကျွန်တော့်ခေါင်းကို မရိုက်နဲ့ဆို
Photographer Arrjushii ကလည်း ရယ်ကျဲကျဲဖြင့်
ဟုတ်ပ Kook က ကလေးမဟုတ်တော့ဘူး လူကြီးဖြစ်နေပြီ
Ara က နှုတ်ခမ်းလေးဆူကာ စိတ်ကောက်ဟန်ပြနေသော Kook နှင့် ကလေးတစ်ယောက်လိုချော့မြူနေသော Staff တွေကို ကြည့်ကာ ကြည်ကြည်နူးနူးဖြင့်
ဩော် ဒါ Camera တွေနောက်က Kook ရဲ့ တကယ့် Image ကိုး သူတကယ်ချစ်ဖို့ကောင်းတာပဲ
ဆိုတဲ့အတွေးဖြင့် Kook ကိုပြုံးကြည့်မိတော့ Kook က သူမကိုလှမ်းကြည့်ကာ
ဘာပြုံးစိစိလုပ်နေတာလဲ လာ ထိုင်
Ara က Kook လက်ပုတ်ပြသော Sofa မှာဝင်ထိုင်ရင်း
ကျွန်မ ဒီလိုကိစ္စတွေမှာ မကျွမ်းကျင်လို့ အားနာပါတယ်
Kook က သူမကို Poker Face ဖြင့်ကြည့်ရင်း သူမခေါင်းကို အသာဆွဲတာ သူ့ပုခုံးစွန်းတင်ပေးလိုက်သည် ပြီးတော့ သူမကိုလှည့်ကြည့်ရင်း
ငါ့မှာ လုပ်စရာတွေအများကြီးရှိသေးတယ် ငါ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ မကုန်ရအောင် ငါပြောသလိုလိုက်လုပ်
Ara က ရင်မခုန်အောင်အတင်းထိန်းချုပ်ရင်း
ဒီမှာ Kook ကျွန်မက ရှင့် Fan ဆိုတာသိတယ်မလား ဒါ့ကြောင့် ကျွန်မကို လက်မှတ်အရင်ထိုးပေးပါ မဟုတ်ရင် ဒီလိုတွဆက်တိုက်ဖြစ်နေတော့ ကျွန်မ Heart Attack ရပြီး သေလိမ့်မယ်
Kook က အရွှင်လန်းဆုံး ပြုံးလိုက်ရင်း
အင်း...
နှစ်ယောက်လုံးအကြည့်ဆုံသွားတဲ့ခဏ
ဟုတ်ပြီ ဟုတ်ပြီ အကိုလိုချင်တာ ဒီအနေအထားမျိုး ကောင်းတယ်
Camera man ဆီမှ အသံကြားလိုက်ရတော့မှ သတိပြန်ဝင်လာတော့သည်
Break time နားတော့ Ara က Manager Unnie နားသွားကာ
Unnie ညီမတို့ Dating အတွက် ဒီပုံတွေနဲ့ ကြေညာလို့ အဆင်ပြေပါ့မလား
အင်း ပြေပါတယ် ညီမလည်း ကောင်းကောင်း Pose ပေးနိုင်တယ် နည်းနည်းထပ်ရိုက်ပြီးရင် Kook ရဲ့ Official Instagram acc မှာ တင်မှာ
Unnie ဒီလို Professional ဓာတ်ပုံတွေထက်စာရင် သာမာန်ချစ်သူ စုံတွဲတွေလို ချစ်စရာ Selca လေးက ပိုမကောင်းဘူးလား
Manager Unnie က Ara ကိုပြုံးကြည့်ရင်း
ဟုတ်တယ် Selca လည်း ရိုက်ရမယ်
(*** Author အစောကြီးထရေးပေးထားတာနော် အားလုံး Morning )
YOU ARE READING
I Was ××× By My Idol ( MM Translation )
Romance#romance #bts #translation #manga #comedy #drama