Ep 48 I Have You

642 63 1
                                    

Ara က Kook စကားကြောင့်ကြောင်အမ်းသွားသော်လည်း Kook က ဆက်ပြီး

ပြီးတော့ စာချုပ်ကို အဆုံးသတ်ပေးလို့ရတယ်

တော်ပြီ !!!

Ara အသံအကျယ်ကြီး ထွက်သွား၍ထင် Kook က အံ့ဩသလိုလှည့်ကြည့်တော့

အ ဟိုလေ ကျွန်မက ဒီအတွက်အများကြီး စွန့်လွှတ်ထားတာ ဒီ Show ကနေ Internship မရရင် ကျွန်မလုပ်ထားတာ အလကားဖြစ်သွားလိမ့်မယ် ဒါ့ကြောင့် တော်ပြီ ကျွန်မအတွက်စဉ်းစားပေးလို့ ကျေးဇူး

Kook က မီးပုံကို စိုက်ကြည့်ရင်း

aww Internship အတွက်ဆိုရင်စိတ်မပူပါနဲ့ ငါပြောပေးလို့ရ ...

Kook စကားမဆုံးခင် Ara က မတ်တပ်ထရပ်ကာ

စာချုပ်က ၃လ သဘောတူထားတာလေ ၃လ ကျွန်မ စာချုပ်အတိုင်းပဲ သွားမယ် 

Ara စကားဆုံးတော့ Kook က ထလာပြီး Ara မှီရပ်နေတဲ့နံရံကို လက်ထောက်ကာ Ara မျက်နှာနားကပ်လာသည်

Kook ဘာ .. ဘာလုပ်တာလဲ

Kook က ပြောင်စပ်စပ်ရုပ်ဖြင့်

ငါဘာလုပ်မလဲ မှန်းကြည့်လေ ဟမ်

Ara က မျက်နှာပူလာကာ မျက်စိလွှဲရင်း

ရှင် ဘာမှမလုပ်ပါဘူး

အဟက် အနုပညာရှင်တွေထဲလည်း နှာပူးတွေအများကြီး မင်းအပေါ်ယံပဲကြည့်လို့မရဘူး တကယ်လို့ ငါမင်းကိုတစ်ခုခုလုပ်ရင်တောင် မင်းခုခံနိုင်မှာ မဟုတ်ဘူး အဲ့ဒါတွေ သိရဲ့လား Jin Ara
(*** Kook ပြောချင်တဲ့သဘောက ဒီအနုပညာအသိုင်းအဝိုင်းမှာ ယုတ်မာတဲ့လူတွေ များတဲ့အတွက် Ara ထိခိုက်မှာစိုးရိမ်လို့ ခြောက်နေတာပါ )

အဟက် အနုပညာရှင်တွေထဲလည်း နှာပူးတွေအများကြီး မင်းအပေါ်ယံပဲကြည့်လို့မရဘူး တကယ်လို့ ငါမင်းကိုတစ်ခုခုလုပ်ရင်တောင် မင်းခုခံနိုင်မှာ မဟုတ်ဘူး အဲ့ဒါတွေ သိရဲ့လား Jin Ara(*** Kook ပြောချင်တဲ့သဘောက ဒီအနုပညာအသိုင်းအဝိုင်းမှာ ယုတ်မာတဲ့လူတွေ များတဲ့အတွက် Ara ထိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါပေမယ့်

မျက်စိမှိတ်အော်လိုက်တဲ့ Ara က မျက်ရည်တွေပါကျလာတော့ Kook က မျက်နှာနည်းနည်းခွာကာ

ဒါပေမယ့် ...ကျွန်မတစ်ယောက်တည်းမှမဟုတ်တာ ကျွန်မမှာ ရှင်ရှိတယ်လေ ..

Ara စကားကြောင့် Kook က ရှက်သွားပြီး လူချင်းခွာကာ

အဟမ်း

မငိုနဲ့တော့ မင်းက ငိုရင် မလှဘူး

Ara က မျက်နှာရဲကာ

ကျွန်မငိုတာ ရှင်လျှောက်ပြောရင် သတ်မှာနော် စိတ်ထဲပဲထား

Kook က ထိုင်ချလိုက်ပြီး

အေးပါ အေးပါ မင်းငိုလို့ ငါ့အင်္ကျီမှာ နှပ်ချိတွေပေကုန်တာ ငါဘယ်သူ့မှ မပြောပြပါဘူး

Ara က Kook ပုခုံးကိုရိုက်ကာ

အဲ့ဒါ နှပ်ချိမှ မဟုတ်တာ မျက်ရည်တွေ မျက်ရည်တွေလို့

Kook က Ara ကို လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး

Hey ငါ့ရည်းစားက ဒီလောက်အာပြဲစိန် မဖြစ်သင့်ဘူးမလား

Kook စကားကြောင့် Ara နှင့် Kook အကြည့်ချင်းဆုံသွားစဉ်တစ်ခဏ

__________________________________________________

တောကြီးမျက်မည်းထဲတွင် လူတစ်ယောက် လျှောက်သွားနေသည် ထိုလူသည် သရဲလော
မဟုတ်ပါ လူသား Lee Wook ဖြစ်သည် သူ့ဆီမှ အော်သံတစ်ချက်တစ်ချက်ကြားရသည်

Jung Kook Ara နင်တို့ဘယ်မှာလဲ ငါ့လာခေါ်ကြဦး ငါကျွန်းမှာ ငါလမ်းပျောက်နေပြီဟဲ့

တောက်တဲ့

Lee Wook အမေးကို တောက်တဲ့တစ်ကောင်က ပြန်ဖြေလိုက်သည် နားလည်နားမလည် Lee Wook ပဲ သိလိမ့်မည်

××××    ××××    ××××    ××××    ××××    ××××    ××××

I Was ××× By My Idol ( MM Translation )Where stories live. Discover now