1. အိပ်ခန်းကြီးထဲ မဝင်ရဘူး
2. ဆူညံသံတွေ မလုပ်ရဘူး
3. အမှိုက်တွေ ဟိုဟိုဒီဒီ မပစ်ရဘူးAra မှာ Kook ရေးထားတဲ့အချက်တွေကို အသံထွက်ဖတ်ရင်း အောက်ဆုံး တစ်ကြောင်းရောက်တော့ အသံထွက်မလာနိုင်ဖြစ်သွားသည် Kook ရေးထားတာက
၃လပြီးလျှင် ဒီသဘောတူညီချက် ပြီးဆုံးသွားပါပြီ တစ်ယောက်နှင့်တစ်ယောက် မသက်ဆိုင်တော့ပါ
ထိုစာကို မြင်၍ အနည်းငယ်ညှိးနွမ်းသွားသော Ara ကို Kook က လှမ်းကြည့်ကာ
ဘာလဲ မင်းကိုထွက်မသွားချင်လို့လား
အထင်မှန်သွား၍ဖြစ်မည် Ara ကအော်၍
ဘာလဲ ဘယ်သူကမထွက်သွားချင်မှာလဲ မြန်မြန်ပြီးသွားရင် ပိုတောင်ကောင်းသေးတယ် ရှင်ခြိမ်းခြောက်လို့ ကျွန်မက ရှင့်ကောင်မလေး ဖြစ်လာတာ ပြီးတော့ ခုနဖြစ်တာတွေလည်း ရှင့်ကြောင့်
ဟုတ်ပါပြီ ထောင်ချောက်သာထပ်မဆင်နဲ့
Ara က Kook ကိုမော့ကြည့်ရင်း အတွေးထဲတွင်
ဒီလူ ငါဒီလောက်သဘောကျခဲ့တဲ့လူက ဒီလိုကြောက်စရာကောင်းတာ ငါဘာလို့ မသိခဲ့တာပါလိမ့်
ဟာဟား မစိုးရိမ်နဲ့ ကျွန်မတို့ပြီးဆုံးသွားတဲ့နေ့ကျရင် ကျွန်မရဲ့ ကံဆိုးမှုတွေက လွတ်မြောက်သွားအောင် ဘုရားမှာသွားဆုတောင်းမယ်
Kook က သူ့အခန်းဘက် လှည့်ထွက်သွားရင်
မင်းပြောသလိုသာ လုပ်နိုင်ပါစေ
ခဏ
အခန်းထဲဝင်တော့မည့် Kook က Ara ကို လှည့်ကြည့်လိုက်ရင်း
ဘာလဲ
ရှင်က ဘယ်လောက်ပဲဒေါသကြီးကြီး ဘယ်လောက်ပဲ စိတ်ပုပ်ပုပ် ဒီနေ့ Dorm မှာ ကျွန်မအတွက် ဝင်ခံပေးတာအတွက် တကယ်ကျေးဇူးတင်ပါတယ်
ပြောပြီးတာနဲ့ Ara က ခါးကို 90° ကွေးကာ ဦးညွတ်လိုက်သည်
Kook က အတန်ကြာ စိုက်ကြည့်နေရင်း လှည့်ထွက်သွားတော့သည် စကားပြန်မရ၍ Ara က မော့ကြည့်လိုက်တော့ Kook မှာ အခန်းပေါက် ရောက်နေပြီ ဖြစ်သည်
ဟင် ဟေး Kook ကျွန်မက တကယ်ကျေးဇူးတင်တာကို လက်ခံလေ
Kook က တံခါးလက်ကိုင်ဘုကို ဆွဲကာ
Rule No.2 : ဆူညံသံတွေ မပြုလုပ်ရ
ပြောပြီးသည်နှင့် တံခါးပိတ်လိုက်သည် Ara တစ်ယောက်ကတော့ ကမ္ဘာပျက်ပြီး ကျန်ခဲ့သည်
ဘာ ဘာ အား ငါ့ Idol က ဒီလိုမဖြစ်သင့်ဘူးလေ အား အရူးကောင်
တံခါးလက်ကိုင်ကို အခုထိကိုင်ထားဆဲဖြစ်သော Kook ကတော့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေရင်း
သူမ .....
ထင်ထားတာထက် စိတ်ဝင်စားဖို့ကောင်းတာပဲ
YOU ARE READING
I Was ××× By My Idol ( MM Translation )
Любовные романы#romance #bts #translation #manga #comedy #drama