Ep 53 သူဘာလို့ဒီမှာရှိနေတာလဲ

805 55 0
                                    

Kook နဲ့ Ara က အပြင်က အသံကြောင့် အပြင်ထွက်ကြည့်လိုက်တော့

ဟင် Chim

Chim နှင့် Lee Wook စကားပြောနေသည်ကို တွေ့လိုက်ရသည် Ara တို့ကိုတွေ့တော့ Chim က လက်ပြကာ

Hi Kook နဲ့ A

Ara က ကြောင်ကြည့်မိနေသော်လည်း Kook က Chim ဆီလျှောက်သွားကာ

Chim မင်း ဘယ်လိုရောက်လာတာလဲ

Chim က Kook ပုခုံးကိုဖက်ကာ

ဒီ Show မှာပါဖို့လေ ဘယ်လိုလဲ အံ့ဩသွားတယ်မလား

ထို့နောက် Chim က Kook နားကပ်ကာ ၂ယောက်ကြားရုံအသံဖြင့်

ဟိုနေ့ညက ကိစ္စလည်းကြားတယ် စိတ်မပူနဲ့တော့ ငါသေချာရှင်းခိုင်းလိုက်တယ်

Kook က ရယ်ကာ Chim ပုခုံးကိုတိုက်လိုက်ပြီး

အေးကွာ ကျေးဇူးပဲ

Ara မှာ Kook နှင့် Chim နှစ်ယောက်ကိုကြည့်ကာ

သူတို့နှစ်ယောက်သားက ချစ်ဖို့ကောင်းလိုက်တာ ငါတောင် မနာလိုဘူး ဟီးဟီး

Oppa ကျွန်မကို စိတ်ပူစရာမလိုပါဘူး (နောက်ကစကားပြောသံ)

Ara မှာ Kook တို့ကိုကြည့်ရင်းသရေယိုနေစဉ် အနောက်ဘက်က စကားပြောသံတွေကြောင့်လှည့်ကြည့်လိုက်တော့ Lee Wook က ကောင်မလေးတစ်ယောက်လက်ဆွဲထားသည် ထိုကောင်မလေးကတော့

Park Jira (*** မှတ်မိတယ်မလား Lee Wook ရဲ့နောက်ရည်းစားပါ Ep 7 မှာပါဖူးတယ်)

Ara ရဲ့တအံ့တဩခေါ်သံကြောင့် Chim နှင့် Kook ကပါ လှည့်ကြည့်မိသွားသည် Chim က Jira ကို လက်ဆွဲထားတဲ့ Lee Wook ကိုမြင်တော့ မျက်နှာတင်းမာသွားပြီး Kook အနားမှ ပြေးသွားကာ Lee Wook ကိုင်ထားတဲ့ Jira လက်ကိုဆွဲယူလိုက်ပြီး

မင်း ငါ့ညီမကို ဘာလုပ်တာလဲ

Ara & Lee Wook : ညီမ ??? ( တအံ့တဩဖြင့်)

Jira က Chim ရဲ့အင်္ကျီလက်ကိုဆွဲပြီး

Oppa သူက ညီမလေးပြောဖူးတဲ့ ညီမလေးရည်းစားလေ

Jira စကားကြောင့် Chim မျက်နှာက ပိုတင်းမာလာကာ Jira ရှေ့က ပိတ်ရပ်လိုက်ပြီး

ဩော် မင်းက ငါ့ညီမကို ထားခဲ့တဲ့ကောင်ကိုး

Lee Wook က ပြာပြာသလဲဖြင့်

ကျွန်တော်က ဒီကိုမလာချင်ပဲ အတင်းပို့ခံရတာပါ ထားခဲ့တာ မဟုတ်ပါဘူး Jira ကိုလည်း ရှင်းပြပြီးပါပြီ

Lee Wook စကားဆုံးတော့ Park Jira က Chim ကို တွန်းဖယ်လိုက်ပြီး Ara ကို လက်ညိုးထိုးကာ

ဒါဆို ဒီကိစ္စကိုရော ဘယ်လိုရှင်းပြမလဲ သူ ..သူက ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ

Ara မှာ မျက်လုံးလေး ဝိုင်းနေအောင် အံဩသွားကာ

ငါလား

Park Jira က သူမကိုဂရုမစိုက်ပဲ မျက်နှာလေးငယ်ကာ

Oppa တို့နှစ်အကြာကြီးတူတူရှိခဲ့ကြတာ သူ့မှာ ကောင်လေးအသစ်ရနေပြီဆိုတာလည်း သိပါတယ် အကောင်းဘက်ကတွေးပေမယ့် မရလို့

Ara မှာ Jira စကားတွေကို အံ့ဩကာ
*ငါ့ရည်းစားအသစ်က Kook မှန်းသိရက်နဲ့ Kook ရှေ့မှာ ဒီအကြောင်း ပြောရလား သူ့အကြံကဘာလဲ

Ara က တွေးရင်း Kook ကို လှည့်ကြည့်တော့ Kook မျက်နှာမှာ အံ့ဩဖွယ် တင်းမာနေသည်

Kook မှာ Chim ကိုလှမ်းကြည့်ရင်း

Chim ငါတို့ meeting သွားရမှာ မင်းလည်းလိုက်ရမယ် သွားစို့

Chim က Kook ကို ခေါင်းညိမ့်ပြလိုက်ရင်း  Jira ရဲ့ခေါင်းကိုပုတ်ကာ

Jira Oppa ပြန်လာရင် စကားပြောကြမယ် Jira နဲ့ သူ့အကြောင်း Oppa ဒီ့ထက်သိဖို့လိုတယ်

ဘေးကရပ်နေတဲ့ Lee Wook က

ဘာ ..ဘာဖြစ်လို့

Lee Wook စကားမဆုံးခင်ပဲ Chim က Wook ကို အေးစက်စက်မျက်လုံးနဲ့ လှမ်းကြည့်ကာ

သူက ငါ့ Partner ပဲ ဘာလဲ ပြဿ     နာရှိလို့လား ???

(*** Wook ရဲ့နောက်ရည်းစားနာမည်ကို Park Jira လို့ပေးမိတာ Author နာမည်နဲ့တူသွားတယ်  တကယ်က Park Jimin ရဲ့ ညီမ Park Jira ဆိုပြီးပေးလိုက်တာ ကိုယ့်နာမည်နဲ့တူတာ သတိမထားမိဘူး တမင်ပေးတာမဟုတ်ပဲ တိုက်ဆိုင်သွားတာပါနော်)

I Was ××× By My Idol ( MM Translation )Where stories live. Discover now